ဒန်ပူဝါးရကျိုး(သွားတိုက့်ရကျိုး)
ဒန်ပူ ဆိုသောစကားကို သာသနာဝန်ထမ်းရှင်ရဟန်းတွေကလွဲလို့ယနေ့ခေက်လူငယ်တွေကတော့
ကြားဘူးကြသူရှိကောင်းရှိနိုင်သော်လည်း သိကြသူနည်းလိမ့်မည်လို့ထင်ပါသည်။ ဝေဠုတိုငယ်ငယ် ဘုန်း
ကြီးကျောင်းသားဘဝကိုဆိုလျှင် ဆရာဘုန်ကြီးဆွမ်းဘုဉ်းပေးပြီး ကျောင်သားများကမိမိတို့ပြုလုပ်ထားသော
ပူချောင်းများကို အလှည့်ကျဆက်ကပ်ကြရသည်။ ဆရာဘုန်းကြီးကားဆွမ်းဘုဉ်းပေးပြီးတိုင်းဒန်ပူကိုအမြဲး
ဝါးတော်မူလေ့ရှိသည်။
ဒန်ပူ ဆိုသောစကားမှာ" ဒန္တ"ဆိုသောပါဠိပုဒ်မှဆင်းသက်သောစကားဖြစ်လေသည်။ဒန္တ ကား " သွား"
ဟုအဓိပ္ပါယ်ရသည်၊ ဒန်ပူချောင်းဆိုသည်မှာလည်း သစ်ဝါးတို့ကိုပြုလုပ်ထားသော သွားပွတ်တိုက်တန်၊သွား
ကြားထိုးတန်များကိုဆိုလိုခြင်းဖြစ်ပါသည်၊ဒန္တကဋ္ဌ -သွားတိုက်စရာသစ်ချောင်း ဟုပါဠိပုဒ်ရှိသည်။ရှေးခေက်က
ယ္ခုခေက်လိုအဆင်သင့်ပြုလုပ်ထားသောသွားပွတ်တိုက်တန်မရှိကြ၍အစာစားပြီးတိုင်းသွားတိုက့်ရန်တမာစသော
သစ်ချောင်းလေးမျာဲးဲဖြင့်ပြုလုပ်ထားကြရသည်။၎င်းသွားတိုက်တန်သစ်ချောင်းလေးများဖြင့်သာသွားကြားရှိအစာ
ကြွင်းများသန့်ရှင်အောင်ပွတ်တိုက့်ကြသည်ကိုဒန်ပူဝါးသည်ဟုဆိုသည်စင်စက်မှာသွားတိုက့်ခြင်းသာဖြစ်ပါသည်။
ဒန်ပူဝါးခြင်း သို့မဟုတ်သွားတိုက်ခြင်းသည်များစွာအကျိုးရှိသည်၊စနှစ်ကြကြမှန်မှန်ကန်တိုက်ခြင်းသည်
သွား၌ဖြစ်တတ်သောရောဂါမျးကိုကာကွယ်သလို ခံတွင်း၌မကောင်းသောအနံ့ဆိုများကိုပပျောက်ပေသည်
မြတ်စွာဘုရားကားရဟန်းတော်များကိုဒန်ပူဝါးရန် (ဝါ)သွားတိုက်ရန်မိန်ကြားဆုမ္မတော်မူပြီးဒန်ပူဝါး(သွားတိုက်)
ရခြင်း၏အကျိုးတရားများကိုအင်္ဂ္ဂုတ္တရနိကယ် ပဉ္စကနိပါတ် ကိမိလဝဂ် ဒန္တကဋ္ဌသုတ်ကိုဟောကြားမိန့်တော်မူထားပါသည်။
ဟောတော်မူပုံမှာ----
ရဟန်းတို့ ဒန်ပူဝါး(သွားတိုက့်)ရခြင်း၌ အကျိုးအာနိသင်တို့သည်ဤငါးမျိုးတို့သည်။အဘယ်ငါးမျိုး
တို့လေနည်းဟူမူ
၁။ ။ မျက်စိကြည်လင်၏
၂။ ။ခံတွင်းအနံ့ကောင်း၏
၃။ ။အရသာကိုဆောင်သောအကြေားတိုကိုစင်ကြယ်စေ၏
၎။ ။သည်ခြေ သလိပ်သည် အစာကိုမမှေးယှက် မကပ်ညှိ
၅။ ။ဒန်ပူဝါး(သွားတိုက်)သူသည် ထမင်းမြိန်၏
ရဟန်းတို့ဒန်ပူဝါး(သွားတိုက်)ခြင်း၌အကျိုးအာနိသင်တိုသည် ဤငါးပါးတိုပေသည်ဟုမိန့်တော်မူပါသည်
မြတ်စွာဗုဒ္ဓသည်ပင် ဒန်ပူဝါး(သွားတိုက့်)ခြင်း၏အာနိသင်ကိုကောင်းခြည်ပြု့ဟော်မူခြင်းသည် အကျိုးများ
၍ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် အို စာရှု့သူ သင်တို့ အကျွန်ုပ်တို့၏သွားများ သန့်ရှင်းတောက်ပြောင်
ခိုင်ခန့်သောသွားများဖြစ်အောင်နေ့စဉ်မှန်မှန်သွားတိုက်ကြပါစို့လို့ တိုက်တွန်ရင် နိဂုန်းချုပ်ပါသတည်း
ဝေဠု
၂၀.၈.၂၀၁၅
0 comments:
Post a Comment