Sep 11, 2013

ပဋိစ္စသမုပ္ပါဒ် စာအလင်္ကာ စာ-၁၁



အစပ်(၃)ပါး

သင်္ခါရနှင့် ၀ိဉာဏ်မှာသာ
အစပ်တစ်ခု မှတ်ရှုသေချာ
ဝေဒနာနှင့်စပ်လင့်တဏှာ
ကံဘဝ စပ်ကြဇာတိမှာ။

အစပ်သုံးပါးလည်ပုံ 

မောဟမှောင်ကြီး ပိတ်ဆီးကွယ်ကာ
ကာ စီ စိတ္တ သုံးဝသင်္ခါ
ပြုပါလေကြ တိတ်ဘဝမှာ
ဝိညာဏ်စ ရကြငါးခန္ဓာ။

ခန္ဓာငါးဝ ရကြသူတွေ
ဖြစ်မှုပျက်မှု မရှုတွေဝေ
အာရုံဒွါရ တိုက်ကြခါမလေ
ဖဿဆွဲ သူပဲလိုက်ခါနေ။

ဖဿကြောင်းပြု ခံစားမှုတွေ
အာရုံစိတ်စွဲ အမြဲသာနေ
ခံစားမှုကြောင့် တဏှာပေါ်ပေ
ခုဘဝ စပ်ရတရားတွေ။

အာရုံငါးပါး ခင်ငြားတဏှာ
စိတ်မှာစွဲမှု တဏုပါဒါ
ဥပါဒါန်ကြောင့် ကမ္မဘဝါ
အနာဂတ်စ ဇာတိရလာ
ဇာတိကြောင့်ပဲ ရမြဲဒုက္ခာ
အို သေရ ဘဝဖန်ခါခါ။

ဝဋ်ဝ် (၃) ဝ 

ဝဋ်ကိလေသ ကမ္မတစ်ဖြာ
ဝိပါကဟု သုံးခုမှတ်ပါ
သံသရာထဲ လှည့်မြဲသေချာ
မလွတ်ရ ကြုံရဖန်ခါခါ။

ဝဋ်သုံးဝသရုပ် 

အဝိဇ္ဇနှင့် တာဏုပါဒါန်
ကိလေဝဋ်ဟု မှတ်ရှုစေရန်
သင်္ခါရနှင့် ကမ္မဘဝ
ဝဋ်ကမ္မမှတ်ကြဧဝကန်။

ကာလ(၃)ဖြာ

အတိတ် ပစ္စုပ် နာဂတ်တစ်ထွေ
ကာလသုံးဝ မှတ်ကြပါလေ
လွန်လေပြီးက အတိတ်ကာလ
ယုခုပစ္စုပ် နောင်ဟုတ်နာဂတ်လေ။

ကာလသုံးဖြာလည်ပုံ 

အတိတ်အကြောင့်ကြောင့် ခုပစ္စုပ္ပါ
ဖြစ်ပေါ်လာကြ ငါးဝခန္ဓပင်ကြောင့် မျိုးစေ့ပေါ်လာ
နာဂတ်ကြ ရကြငါးခန္ဓာ။

ခြင်းရာ (၂၀)
 
အတိတ်ကြောင်းကား ငါးပါးခြင်းရာ
ပစ္စုပ္ပန်ကျိုး ငါးမျိုးခြင်းရာ
ပစ္စုပ္ပန်ကျိုး ငါးမျိုးခြင်းရာ
ပစ္စုပ်ကြာင်းကား ငါးပါးခြင်းရာ
နာဂတ်တွက် ကျိုးဖြစ်ငါးပါသာ။

ဝဋ်သုံးဝလည်ပုံ 

မသိမှုကြေင့် ထင်ရာလုပ်
ထင်ရာလုပ်လို့ဒုက္ခရောက်
ဒုက္ခထဲက မျိုးစေ့ကျ
မျိုးစေ့ကျလို့ အပင်ပေါက်
ချာလည် ဒုက္ခရောက်။
ဝိညာဏ်နာမ်ရုပ် သဠာယတန
ဖဿဝေဒန ဇာတိလည်းပါ
ဇရာမရဏ ဘဝခုပါ
ဤရှစ်ဝ မှတ်ကြဝိပါကာ။

အကြောင်းဝဋ် အကျိုးဝဋ်ခွဲပုံ 

ကိလေသနှင့် ကမ္မတစ်ဖြာ
အကြောင်းဝဋ်ဟု မှတ်ရှုသေချာ
အကြောင်းစွဲလို့ အကျိုးပေါ်လာ
ဝိပါက မှတ်ကြ ကျိုးဝဋ်ပါ။

အတိတ်အကြာင်း ပစ္စုပ္ပန်အကြာင်းသရုပ်

အဝိဇ္ဇာနှင့်သင်္ခါရပါ
တဏုပါဒ ကမ္မဘဝါ
ဤငါးပါတိတ်ပစ္စုပ္ပါ
အကြေင်းမှတ် သိအပ်ခြင်းအရာ။

ပစ္စုပ္ပန်အကျိုး အနာဂတ်အကျိုးသရုပ် 

ဝိညာဏ်နာမ် သဠာရတနာ
သနည်းဖဿ ဝေဒနာပါ
ဤငါးပါးက ပစ္စုပ်နာဂါ
အကျိုးမှတ် သိအပ်အခြင်းရာ။

ခြင်းရာ(၂၀)လည်ပုံ 

အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး မျိုးမှအပင် အမျှင်မပြတ် ဆက်စပ် သည်ဟန်ကန်ကြောင့် နာမ်ရုပ်ကြောင့်ကံ အဖန်ဖန် ပြစ်ပြန်နည်းအလျှော် ဗြဟ္မာသိကြား စသည်များက ထင်ရှား ပြုပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် လူနတ်များစွာ သတ္တဝါတို့ဖြစ်လာရမှု့ မဟုတ်ဟုဥာဏ်ဖြင့်ရှု့၍မျှော်။

ဒိဌိ(၃)မျိုး

ခန္ဓာငါးဝ အရှိဓမ္မာ
ငါဟုယူလွဲ မှတ်စွဲဒိဌာ
သက္ကာယဒိဌိ မည်ရှိခေါ်တာ
ပါယ်ငရဲ သူပဲဆွဲချတာ။
ခန္ဓာငါးဝ ဓမ္မပေါ်မှာ
ခိုင်ခိုင်မြဲမြဲ ပြိုကွဲမပါ
သဿတဟုဒိဌိခေါ်တာ
သံသာထဲ သူပဲနှစ်စေတာ
အကြောင်းအသိ အကျိုးမရှိပါ
ယ္ခုဘဝ နောင်ခါမပါ
ကြောင်းကျိုးပြတ်စဲယူလွဲသညာ
အပါယ်သွား မှတ်သားဥစ္ဆေဒါ။

ပဋိစ္စသမုပ္ပါဒ်ကြောင့်ဒိဌိစင်
 
ပဋိစ္စသမုပ္ပါဒ် သိကြသူတွေ
ဒိဌိသုံးဝ စင်ကြသလေ
ဒိဌိကင်း၍ ပါယ်ငွေ့တွေသေ
ခန္ဓဝဋ် မချွတ်ကျွတ်ရပေ။

သက္ကာယဒိဌိစင်ပုံ
 
ခန္ဓာငါးဝ မရှိဓမ္မာ
ရုပ်နာမ်သာပဲ မှတ်စွဲသိလာ
သူပဲငါပဲ အလွဲ ကင်းကွာ
သက္ကာယ ဒိဌိစင်တော့တာ။

သဿယဒိဌိစင်ပုံ
 
နာမ်ရုပ်နှစ်ပါးရှု့တရားမှာ
ဥာဏ်ဖြင့် ရှု့ပွား ပျက်တရားသာ
မှန်မြဲမြင်စွဲ ခိုင်မြဲမပါ
သဿတ စင်ကြဒိဌိကွာ
အကြောင်းဓမ္မ ချုပ်ကြသောခါ
ကျိုးဓမ္မ ဖြစ်မြဲသေချာ
ကျိုးဓမ္မ္မပျက် အကြောင်းဖြစ်လာ
အပျက်သိ စင်ဘိသဿတာ။

ဥစ္ဆေဒဒိဌိစင်ပုံ

 ရုပ်နာမ်ဓမ္မသင်္ခါရမှာ
တစ်ခုဖြစ်လို့ တစ်ခုပျက်တာ
ပျက်ပြီးသည့်နောက် ပြန်၍ဖြစ်လာ
ဖြစ်ပျက်သိ စင်ဘိဥစ္ဆေဒါ။

အကြောင်းဓမ္မ ချုပ်ကြသောခါ
ကျိုးဓမ္မလဲ ဖြစ်မြဲသေချာ
ဖြစ်တာသိတော့ ဥစ္ဆေဒကွာ
ဒီတော့မှ လွတ်ရပါလေရွာ။

ဝိစိကိစ္ဆာစင်ပုံ

ရုပ်နာမ်ဓမ္မ သင်္ခါရဟာ
အကြောင်းစွဲလို့ အကျိုးပေါ်လာ
အကြောင်းကျိုးသိ စင်ဘိ ဝီစီကိစ္ဆာ။

ဒိဌိဝိစိ ကင်းကြသူတွေ
သောတာပန်ပဲ မှတ်စွဲယူလေ
အပါယ်ကင်းလွှတ် မချွတ်မှတ်လေ
နိဗ္ဗာန်ပဲ ရောက်မြဲဧကန်ပေ။

သစ္စာဆိုက်ပုံ

ရုပ်နာမ်နှစ်ခု ဖြစ် ပျက်မှု့ထင်
မှန်စွာဆင်းရဲ အမြဲထင်လျှင်
ဒုက္ခသာပဲ စွဲမြဲတွင်တွင်
မြင်သိမှု မှတ်ရှုမဂ္ဂပင်။

ဖြစ်မှုပျက်မြင် ဒုက္ခထင်လျှင်ဒုက္ခထင်လျှင်
ဒုက္ခဖြစ်ကြောင်း ဖြောင့်ဖြောင့်ပယ်စင်
သမုဒယ သစ္စမထင်
မရှိဟု မှတ်ရှုသိစေချင်။

ဒုက္ခမြင်မှု သမုဒယသေလျှင်
ခန္ဓရဖို့ လမ်းစမထင်
ခန္ဓာမရှိ ငြိမ်း၏မှတ်ထင်
နိရောဓ ဆိုက်ရသစ္စမြင်။
မဂ္ဂသစ္စာ(မဂ္ဂင် ရှစ်ပါး)

ကောင်းသောအသိ ကောင်းသောအကြံ
ကောင်းသံဆိုပြော ကောင်းသောမှု
ကောင်းမှု့သက်မွေး ကောင်းရေလုံလ
ကောင်းဘိသိတိ ကောင်းဘိတည်ကြည်
ဤရှစ်မည် တွင်ညီမဂ္ဂါ မြတ်သစ္စာ

အခံဓါတ်(၆)ပါး 

မျက်စိနှင့်နား နှာခေါင်းနှင့်လျှာ
ကိုစိတ်များ၌ကြည်ရုပ်ပသာ
အရှု့ခံများ ထင်ရှားရှိတာ
သူတို့လဲ မမြဲဖြစ်ပျက်ပါ။

အတိုက်ဓါတ်(၆)ပါး
အဆင်း အသံ အနံ့ ရသာ
တွေ့ထိမှုနှင့် ကြံတွေးစရာ
အတိုက်ဓါတ်ဟု မှတ်ရှု့မှန်စွာ
ရှု့ခံများ မှတ်သားဖြစ်ပျက်ပါ။

အပွင့်ဓါတ်(၆)ပါး 

မြင်စိတ်ကြားစိတ် နံစားစိတ်ပါ
ထိသိစိတ်နှင့် တွေးတောစိတ်ဟာ
ပွင့်ဓါတ်ခြောက်ပါး မှတ်သားဘွယ်ရာ
ရှုခံများ မှတ်သားဖြစ်ပျက်ပါ။

ဓါတ်(၁၈)ပါးအရှုခံ 

ခံဓါတ် တိုက်ဓါတ် ပွင့်ဓါတ်သုံးဖြာ
ခြောက်ပါးပေါင်းစု သုံးခုမြောက်ပါ
ရလဒ်ဆယ်ရုစ် ဓါတ်ဖြစ်သေချာ
ရှုခံများ မှတ်သားဖြစ်ပျက်ပါ။

စိတ္တာနုပဿနာရှုပွားနည်း
အပြင်ဧည့်သည်စိတ်(၅)

မြင်စိတ် ကြားစိတ် နံစားစိတ်ပါ
ထိသိစိတ်ဟု ငါးခုမှန်စွာ
အကြောင်းတိုက်လို့ အကျိုးပေါ်လာ
ဧည်သည်နှင့် တူလင့်စိတ်များစွာ
အတွင်းဧည့်သည်စိတ်များ
လောဘ ဒေါသ မောဟစိတ်ပါ
အလော အဒေါ တွေးတောစိတ်မှာ
အတွင်းဟဒယ ဖြစ်ကြလေတာ
အတွင်းဧည့်တူတဲ့ စိတ်တွေပါ။

အိမ်သည်စိတ်
 
ဧည့်သည်မရှိ အိမ်သည်ရှိပေ
လေကိုထုတ်သွင်း စိတ်ရင်းနှစ်ထွေ
ဧည့်သည်များက မလာလျှင်နေ
ဤနှစ်ခု မှတ်ရှုအိမ်သည်တွေ။

ရှုပွားပုံ 

စိတ်တွေအားလုံး ခြုံငုံကြည့်လျှင်
တစ်ခုဖြစ်လို့ တစ်ခုသာထင်
ထင်လာလေစိတ် ရှု့စိုက်လေလျှင်
ဖြစ်ပျက်တွေ မရွေ့ဒုက္ခထင်။
ဝေဒနာနုပဿနာရှုပွားပုံ
အပြင်ဧည့်သည် ဝေဒနာ
ဥပေက္ခာဟု ခေါ်ပြုဝေဒနာ
မျက်စိနားနှင့် နာခေါင်းနှင့်လျှာ
ထင်စွာပေါ်ကြား မှတ်ကြစေရာ
ဒုသုခ မှတ်ကြကိုယ်ပေါ်မှာ။

ဝေဒနာခြောက်ရှု မှတ်စုစေရာ
အကြောင်းတိုက်လို့ အကျိုးပေါ်လာ
သေချာစိုက်ရှု ပေါ်မှုဝေဒနာ
ဖြစ်ပျက်တွေ့ မရွေ့အနိစ္စာ။

အတွင်းဝေဒနာ


ဝမ်းသာဝမ်းနည်း တနဲဥခါ
အကြောင်းတိုက်လို့ အကျိုးပေါ်တာ
သေချာစိုက်ရှု ပေါ်မှုဝေဒနာ
ဖြစ်ပျက်တွေ မရွေ့အနိစ္စာ။


အိမ်သည်ဝေဒနာ

သော ဒေါ ဥ နှင့် သုံးခု ဝေဒနာ
ဆင်ပြေမှုနှင့် မပြေမှုသာ
လယ် လတ်ဖြတ်လျှက် လေထွက်ရှုတာ
အိမ်သည်ဟု သုံးခုဝေဒနာ။


ရှုပွားပုံ


ဝေဒနာအားလုံး ငုံခြုံကြည်လျှင်
တစ်ခုဖြစ်လို့ တစ်ခုသာထင်
ထင်လာမြင်လာ ဝေဒနာကိုပင်
စူးစိုက်ကြည့် တွေ့၏ဖြစ်ပျက်ပင်။


အနိစ္စဆုံး နိစ္စထင်ပုံ

ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်မုန်းလျှင်
ဖြစ်ပျက်ဆုံးထိုက် အားစိုက်စေချင်
ဖြစ်ပျက်အနိစ္စမြင်ကြလေလျှင်
နိစ္စတွေ့ ချမ်းမြေ့နိဗ္ဗာန်ဝင်။

ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်မုန်းလျှင်
ဖြစ်ပျက်ဆုံးထိုက် အားစိုက်စေချင်
ဖြစ်ပျက် ဒုက္ခ ဆုံးကြလေလျှင်
သုခတွေ့ ချမ်းမြေ့ နိဗ္ဗာန်ဝင်။


နိဂုံး

ပဋိစ္စသမုပ္ပါဒ် ပန်းမြတ်အလင်္ကာ
ယောဂီများတွက် ရှေ့ထားစေတနာ
ရှာဖွေ ပေါင်းစု ကောင်းမှုတွေပါ

သိလွယ်မှုအားပြုရေးသီတာ။

ပဋိစ္စသမုပ္ပါဒ် ပန်းမြတ်လင်္ကာ
ဆရာဉာဏ်များ အားထားမှီတာ
မိမိဉာဏ်ဖြင့် နှိုင်းယှဥ့် စေတနာ
ပိုလိုချင့် ဉာဏ်ဖြင့် ရှုကြပါ။

ပဋိစ္စသမုပ္ပါဒ် ပန်းမြတ်လင်္ကာ
သင်ကြားနာကြ များလှသူငါ
ဒိဌိကင်းပ လေးဝပါယ်ရွာ
လွတ်ကုန်ကြ ဆုမြတ်ပထ္ထနာ။

ဆုတောင်း

ပဋိစ္စသမုပ္ပါဒ် ပန်းမြတ်လင်္ကာ
ရေးသီပါရ ပုညစေတနာ
ဒုက္ခလွတ်ရ မုချမှန်မကွာ။

ဤတွင် ပဋိစ္စသမုပ္ပါဒ် ပန်းအလင်္ကာပြီး၏

0 comments:

Post a Comment