Aug 25, 2015

ရည်​ရွယ်​ချက်​​တွေ​ကောင်းကြတယ်

      ရည်ရွယ်ချက်ဆိုသည်မှာဖြစ်ချင် ဖြစ်လိုသောဆန္ဒကို ရည်ရွယ်ချက်ဟုဆိုသည်
ထိုရည်ရွယ်မှုသည် တချို့ကမိမိကောင်းကျိုးအတွက်၊ တချို့ကားမိမိချစ်ခင်သူအတွက်တချို့ကားမိမိနှင့်သဟဇာတမဖြစ်သူ ရန်သူအပေါ်အနိုင်ရလိုမှု့အတွက်စသည်ဖြင့်အမျိုးမျိုရည်ရွယ်၍ကောင်းမှုပြုခြင်း ၊ယတြာချေခြင်းစသောအမှုလုပ်ငန်းများလုပ်လေ့ရှိကြပေသည်။
      ၂၄ -၈ -၂၀၁၅ ရက်ယနေ့ဝေဠုဝန်ကျောင်းတိုက့်သို့တာချီလိတ်မြို့မှအေရိုးဗစ်
အဖွဲ့လာရောက်ဆွမ်းလှူဒါန်းကြသည်။ဝေဠုကာဘာအတွက်လှူဒါန်းတာလဲလို့မေး
ကြည့်မိတော့ မြန်မာပြည်တစ်ဝမ်း ရေဘေးသင့်ပြည်သူများ ထိုဒုက္ခဆင်ရဲးမှအမြန်
လွတ်စေရန်နှင့် ရေဘေးကြောင့်လဝတစ်ပါးပြောင်းသွားကြသူတို့အားကောင်းမှုကု
သိုလ်အထောင့်ပံ့ဖြစ်စေရန် အတွက်ပါလို့ထိုအဖွဲ့ထည်းမှ မသဇင်ကလျှောက်ထား
သည်။ဝေဠုမချီးကြူးပဲမနေနိုင်တော့ ဝေဠုနုတ်မှချီးကြူးစကားသံများဝမ်းသာလွန်း၍
ခရာရေလွှတ်ထွက်ကျလာတော့ဧ။် ၊အံ့သြမဆုံးလည်းဖြစ်ရလေသည်။
     ဘယ်လိုကြောင့်ဒီစိတ်ကူးမျိုးဖြစ်ရတာလဲလို့ မေးမိတော့ အလျှင် အရှင်ဘုရား
အကောင့်မှာတွေ့လိုက်တယ် ဝိန့်ကျောက်ရပ်ကွက်က ကိုစိုင်းဆန်+မနန်းကျောက်
တို့ရေဘေးသင့်လို့ဆုံးပါးသွားကြတဲ့သူတို့အတွက်ကောင်းမှုကိုသိုလ်လုပ်ကြတာ
ဖတ်လိုက်မိလို့ ဒီစိတ်ကူးလေကောင်းတယ် တို့လဲလှူကြမယ်လို့စိတ်ကူးမိကြတာနဲ့
လှူကြတာပါလို့ပြောမှပင်၊ အလျှင်ကျသွားသော waillu အကောင့်မှာရေမိသည်ကို
သတိထားလိုက်မိသည်။ထိုအကောင့်ကျသွား၍ယခင်တင်ခဲ့သောပို့စ်တွေကားကြည့်မရတော့ပေ။
       အဘယ့်သို့သောအကြောင်းကြောင့်ဖြစ်စေ ဒီလိုစိတ်ကူးနှင့် ဤကဲ့သိုသောရည်ရွယ်ချက်ရှိနေခြင်းကကောင်းလှပေသည်။ အဘယ့်ကြောင့်ဆိုသော် အလှူကို လှူသူသည်အလှူခံယူကြသော ပုဂ္ဂိုလ်တို့ဧ။်အကျိုးကိုကြည့်၍လှူဒါန်ခြင်းက လှူသူလည်း
ဝမ်းသာရအလှူခံယူကြသူတွေကလည်းမိမိတို့အလိုရှိသောပစ္စည်းအသုံးဆောင်
ရကြသောကြောင့် ဝမ်းသာဝမ်းမြောက်ရဧ။် ။
      မြတ်စွာဘုရားကလည်းထိုသို့လှူဒါန်းရန်သာဆုံမတော်မူခဲ့သည်ကို ဆွမ်းလှူဒါန်းရသောအကျိုးတရားကိုကြည့်ခြင်းဖြင့်သိနိုင်ပေသည်။ဆွမ်းအကျိုးတရားတို့ကား  ဆွမ်းကိုလှူဒါန်ကြသူသည်-----
၁။ ။အသက်ရှည်ခြင်းအလှူကိုပေးလှူသည်မည်ဧ။်
၂။ ။ရုပ်ရည်အဆင်ကိုပေးလှူသည်မည်ဧ။်
၃။ ။ချမ်းသာကိုပေးလှူသည်မည်ဧ။်
၎။ ။ခွန်အားကိုပေးလှူသည်မည်ဧ။်
၅။ အသိညာဏ်ပညာကိုပေလှူသည်မည်ဧ။်  ဟုမြတ်ဘုရားအင်္ဂုတ္တရနိကယ်၌ဟော
ကြားဆုံမတော်မူသည်ကိုကြည့်လျှင် ဤအကျိုးများသည်ဆွမ်းကိုလှူဒါန်ကြသူ
အလှူရှင်တို့ရကြသည်ဟုထင်ဘွယ်ရာပင်ဖြစ်ဧ။် ။အကယ်စင်စစ်မူကား
ဆွမ်းကိုအလှူခံယူသုံးဆောင်ကြသော ရဟန်းတော်များ ယောဂီသူတော်စင်တို့ကာ
ဆွမ်းခဲဘွယ်သုံးဆောင်ကြရ၍ သက်ရှည်´ဆင်လှ´ချမ်းသာရကြ၍ ကာယခွန်အားညာဏခွန်အားကောင်းကြသည်မဟုတ်ပါလော ၊
      ယနေ့အလှူပေးကြသောဆွမ်းအလှူရှင်များသည် ယောဂီများတို့အား ဤဆွမ်း
ဤခဲဘွယ်တို့ကိုသုံးဆောင်ကြ၍ အသက်ရှည်ကြပါစေ အဆင်လဲလှကြပါစေ ချမ်း
သုခပြည့်စုံကြပါစေ ခွန်အားဗလကောင်းကြပါစေ အသိညာဏ်ပညာတွေ ဖွံ့ဖြိုး တိုး
တက်ကြ၍ မဂ်ညာဏ် ဖိုလိညာဏ်ကို မျက်မှောက်ပြုနိုင်ကြပါစေ လှူဒါန်ကြခြင်း
ယနေ့လှူရသောကောင်းမှုကံအကြောင်းတရာသည် မြန်မာပြည်တစ်ဝှမ်းရေဘေး
သင်ပြည်သူများ ကျရောက်နေသောဘေးဆိုးဒဏ်ဆိုးမှလွတ်မြောက်ကြပါစေ ရေ
ဘေးကြောင့်ဘဝတစ်ပါးပြောင်သွားကြသူများ ကောင်းမြတ်သောသုဂတိဘဝသို့
ရောက်နိုင်ကြပါစေ စသော မေတ္တာကရုဏာအရင်ခံ၍လှူဒါန်းကြခြင်းကြောင့် အတူ့
ယူစံနမူနာထားစရာရည်ရွယ်ချက်တွေဖြစ်ကြောင်းတင်ပြလိုက်ရပေသတည်း

ဝေဠု
၂၄-၈-၂၀၁၅

0 comments:

Post a Comment