Type your summary here.
Type the rest of your post here.
အဝိဇ္ဇာပစ္စယာ- အဝိဇ္ဇာဟူသောအကြောင်းကြောင့် ၊ (ဝါ ) ဒုက္ခကိုမသိခြင်း၊ ဒုက္ခဖြစ်ကြေင်းကိုမသိခြင်း၊ သံသရာ၏ ရှေ့အစွန်းကိုမသိခြင်း၊ သံသရာ၏ နောက်အစွန်းကိုမသိခြင်း၊ သံသရာ၏ ရှေ့ အစွန်းနောက်အစွန်းနှစ်ရပ်လုံးကိုမသိခြင်း ၊ ကြောင်းကျိုးဓမ္မဟူသော ပဋိစ္စသမုပ္ပါဒ်ကိုမသိခြင်းဟူသော အကြောင်းကြောင့် ။
သင်္ခါရာ -သင်္ခါရ တရားတို့သည် (ဝါ) ပုညာဘိသင်္ခါရ အပု ညာဘိသင်္ခါရ အနဉ္ဇာဘိသင်္ခါရဟူဆိုအပ်ကုန်သော သင်္ခါရ အပုညာဘိသင်္ခါရဟုဆိုအပ်ကုန်သော သင်္ခါရတရား တို့သည် သမ္ဘဝတီ ဖြစ်ပေါ်လာကြကုန်၏။
သင်္ခါရာ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏံ ဝိညဏ်သည်(ဝါ) ပဋိသန္ဓေဝိညဏ် ပဝတ္တိဝိညဏ်သည်။ သမ္ဘဝတိ ဖြစ်ပေါ်လာ၏။
ဝိညာဏပစ္စယာ ဝိညဏ်ဟူသောအကြောင်းကြောင့် နာမရူပံ နာမ်ရုပ်သည် သမ္ဘဝတိ ဖြစ်ပေါ်လာ၏။
နာမရူပပစ္စယာ နာမ်ရုပ်ဟူသော အကြာင်းကြောင့် သဠာယတနံ သဠာယတနသည်(ဝါ) စက္ခာယတန သောတာယတနဃာနာယတန။ဇိဝှါ ယတန ကာယာတန မနယတန ဟူဆိုအပ်သော သဠာယတနသည် သမ္ဘဝတိ ဖြစ်ပေါ်လာ၏ ။
သဠယတနပစ္စယာ သဠာယတနဟူသောအကြောင်း ကြောင့် ၊ ဖေဿာ ဖဿသည်(ဝါ)စက္ခုသမ္ဖဿသောတာ သမ္ဖဿဃနာသမ္ဖဿ ဇိဝှါသမ္ဖသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ ဟူသောဖဿသည် သမ္ဘဝတိ ဖြစ်ပေါ်လာသည်။
ဖဿပစ္စယာ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာ ဝေဒနာသည် (ဝါ) သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခဝေဒနာဟူသော ဝေဒနာသည်။ သမ္ဘဝတိ ဖြစ်ပေါ်၏။
ဝေဒနာပစ္စယာ ဝေဒနာဟူသောအကြောင်းကြောင့် တဏှာ တဏှာသည်(ဝါ) ကာမတဏှာ ဝိဘဝတဏှာ ဟူသောတဏှာသည် သမ္ဘဝတိ ဖြစ်ပေါ်၏။
တဏှာပစ္စယာ တဏှာဟူသောအကြောင်းကြောင့် ဥပါဒါနံ ဥပါဒါန်သည်။ (ဝါ)ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော၊ ဥပါဒါန်သည်။သမ္ဘသတိဖြစ်ပေါ်လာ၏။
ဥပါဒါနပစ္စယာ ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝေါ ဘဝ သည်(ဝါ) ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အနဉ္ဇဘိသင်္ခါရဟူသောကမ္မဘဝ ၊ကာမဘဝ ၊ ရူပဘဝ အရူပဘဝ ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝ၊ သညီဘဝ အသညီဘဝ နေဝသညီနာညီဘဝ ဟူသောဥပ္ပတ္တိဘဝ၊ ဟုဆိုအပ်သော ဘဝ သည် သမ္ဘဝတီ ဖြစ်ပေါ်လာ၏။
ဘဝပစ္စယာ ဘဝဟူသော အကြာင်းကြောင့် ဇတိဇတိသည်(ဝါ)ပဋိသန္ဓေနေရခြင်းသည် သပ္ဘဝတိ ဖြစ်ပေါ် လာ၏။
ဇတိပစ္စယာ ဇတိဟူသောအကြာင်းကြောင့်ရာဇမရဏံ အိုရခြင်း သေရခြင်း သည်၎င်း။ သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ စိုးရိမ်ခြင်း။ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲဖြစ်ခြင်း၊ စိတ်ဆင်းရဲဖြစ်ခြင်း ပြင်းစွပူပန်ရခြင်းတို့သည်။ သမ္ဘဝန္တိ ဖြစ်ပေါ်လာကြကုန်၏။
ဧဝံ ဤသို့ ၊ကေဝလသဿ သတ္တဇီဝမဖက် သက်သက် သော ဧတဿ ဒုက္ခက္ခန္ဓဿ ဆင်းရဲအစု၏ သမုဒယောဖြစ်ပေါ်လာကြောင်းသည် ။ဟောတိ မုချပုံသေ ဖြစ်ပါပေ၏။
ဣတပိ ဤသို့လျှင်၊ ဗောဓောန္တာ သဗ္ဗညုတာဥာဏ် တော်သာဖြင့် ဦးစွာကျနသိပြီးမှလျှင် များစွာဝေနေသတ္တဝါတွေကို သိစေ တော်မူတတ်သော။ ဗုဒ္ဓဿ မြတ်စွာဘုရားအား နော ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကို ဖြတ်တောက်ရန်မျော်ရန်တပည့်တော်တို့တစ်တွေသည် နမော အရှင်ဂုဏ်တော်အောင့်မေ့မျှော်၍အဉ္ဇလီ ညွတ်လျွှိုးလက်စုံမိုးကာ ရှိခိုးကန်တော့ကြပါကုန်၏ ရှင်တောမြတ်ကြီးဘုရား။
0 comments:
Post a Comment