Sep 17, 2013

မိုးကုတ်​ဆရာ​တော်​ကြီးဧ။်​ သြဝါဒ လင်္ကာများ


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏
သြဝါဒလင်္ကာများ

ယောဂီကျင့်ဝတ်(၆)ပါး

အမှုမများ စကားသိမ်းဆည်း စောင့်စည်းဣနြေ္ဒ အိပ်နေနိုးကြား အစားမကြီး တစ်ယောက်တည်း နေဤခြောက်ထွေ ကျင့်လေ ယောဂီများ။

မဂ်ဖိုလ်ရကြောင်း ပဓာနိယင်္ဂတရား၅ပါး

ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာဖြင့် လွန်စွာအားထုတ် နာမ်နှင့် ရုပ်ကို ဖြစ်ချုပ်ဥာဏ်မြင်ဤငါးအင် မှန်မင်မဂ်ရ ကြောင်း။

မဂ်ဖိုလ်ရကြောင်းတရား ၃ ပါး

သူတော်ဆည်းကပ် မြတ်တရားနာ လျှော်စွာကျင့် မဂ်ဖိုလ်ခွင့် ရ လင်ဧကန်သာ။

မဂ်ဖိုလ်ဝေးကြောင်းတရားငါးပါး

မစွန့်ကာမ ဆရာမရှိ ဝီရိယလျှော့ အားအင် ပျော့ခါ လွန်စွာယူမှား ဤငါးပါး တရားမဂ်ဖိုလ်ဝေးသတည်း၊

ခန္ဓာငါးပါး

ဖောက်ပြန်ခံစားမှတ်သားပြုပြင် သိဝိညာဏ်ငါးအင် ခန္ဓာမှတ်။

သစ္စာလေးပါး

ဖြစ်ပျက်သမျှ သင်္ခါရ ခုက္ခသစ္စာမှတ် ဖြစ်ပျက်မှုတွင် ငါကောင်းထင် ခင်မင် သမုဒယမှတ် ဖြစ်ပျက်မှုတွင် ငါကောင်းထင် ခင်မင်သမုဒယမှတ် ရုပ်နာမ် အားလုံးဖြစ်ပျက် သုဉ်း ချုပ်ဆုံးနိဗ္ဗာန်မှတ် ချုပ်ဆုံးမှုတွင် ဥာဏ်သက်ဝင်သိမြင် မဂ်ဟုမှတ်။

ဝိပဿနာရှုရကျိုး

လက်ရှိခန္ဓာ မတွယ်တာနှင့်နောင် လာဘဝ မတောင့်တပဲ ကြောင့်ကြဇွာဖြင့် အမြဲမပြတ် ဝိပဿနာ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ၊ ဖြစ်ကြောင်းဖန်မှု၊ ထိုသည့်သူအား၊ အယူမလွဲ ၊ ဂတိမြဲ၏။ မီးစွဲ လောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိုင်းယျဉ်၍ မဂ္ဂင်ရလိမ့်။ ကိစ္စမလျှော်အကြောင်းပေါ်၍ မတော်တဆ မဂ်မရဦး ဘဝအစွန်းတမလွန်ဝယ် ထူးချွန်အံ့လောက် နတ်ပြည်ရောက် မဖောက်မပြန် သောတာပန်စစ် ဧကန်ဖြစ်မည်မလစ်ဝိပဿနာအကျိုးတည်။

ပွားများကြည့်ပါဘာဝနာ 

ငါတို့လာရာ ဤခန္ဓ မှန်စွာမမြဲပြီ
ဇာတိစလာ မရဏာ မှန်စွာ အဆုံးရှိ
စံတာမမြဲ ခံတာမြဲ၏
တွဲတာမမြဲ ကွဲတာမြဲ၏
ပျိုတာမမြဲ အိုတာမြဲ၏
မာတာမမြဲ နာတာမြဲ၏
နေတာမမြဲ သေတာမြဲ၏
လွဲရကွဲရ ခံရဒုက္ခာ အနိစ္စာနှင့်ပိုင်ရာမရှိ
အတိတ်အနတ္တာ မှန်လှစွာ လောကသဘဝမို့
ဗုဒ္ဓမြတ်စွာ စိန္တေယျလည်းရှောင်ရာမရ သန္ဒိဋ္ဌကို
မုချမှန်စွာ ငါတို့မှာလည်းဘယ်ခါတနေ့
ရှောင်မကွေ့ပြီ တစ်နေ့ သေရမှာပါတကား

ဝေဠုဝန် မဂ္ဂင်ရိပ်သာဆရာတော်။


































0 comments:

Post a Comment