ယာဂု(ဆန်ပြုတ်)သောက် ရခြင်းအကျိုး
၂၁ .၈ .၂၀၁၅ ရက်နေ့ တွင် ဝေဠုဝန်ကျောင်းတိုက့် တရားစခန်းဝင်တရားအားကြသော ယောဂီများ
အတွက်အာရုံဆွမ်းအလှူရှင်မရှိ၍ ယာဂု(ဆန်ပြုတ်)ဆွမ်းကပ်ကြပါတယ်။ဝေဠုကတော့ယောဂီတွေကိုအား
နာနေမိပေမဲ့ ယောဂီများကတော့ဝိကာလဘောဇနသိက္ခာပုဒ်ဆောက်တည်ထားကြရလို့ညနေစာမစားကြ
တော့ ယာဂုဆွမ်းကုလည်း ဆာနေ၍လား နှစ်သက်ကြ၍လားမသိသုံးအားရပါးရသုံးဆောင်းကြသော
ကြောင့် ဝေဠု အားရကျေနှပ်နေရပေသည်။
ယာဂု(ဆန်ပြုတ်)သည်အမြင်အားဖြင့်သိမ်ငယ်ရပေမယ့်ကျန်းမာရေးအရတော့ အလွန်အရေးပါ
လှသောအဟာတစ်မျိုပင်ဖြစ်ပေသည်။ဝေဠုစာသင်းသာငယ်ဘဝကစွဲလာခဲ့သောရောဂါတစ်မျိုးရှိပါသည်
ထိုရောဂါကတော့လေနာရောဂါပင်ဖြသည် ။၎င်းရောဂါပေါ်လာလျှင် လေများအောက်သို့မစုံတော့ပဲ
အထက်သို့ခြည်းသာဆန်တက်တော့၏။အန်လိုက်ရသောအဖြစ်ကလည်း ဝမ်းဗိုက်များအောင်နေအောင်
နာကျင်နေအောင် ပင်ဖြစ်ပါသည် အမျိုးမျိုးသောဆေးတွေစား၏သက်သာရုံသာရှိသည် ။ယခုဝေဠုမှာ
ထိုရောဂါရှိနေသေသည်သာဖြစ်၏ ၊အစားအသောက် အနေအထိုင် မှားလျှင်မှားလိုက်သည့်အချိန်ဖြစ်ပေါ်
လာတတ်သည်။ သို့သော်ဝေဠုမစိုးရိမ်ပါ အဘယ်ကြောင့်ဆိုသော် လေနာရောဂါအတွက်မြတ်စွာဘုရား
က အင်္ဂုတ္တနိကယ် ပဉ္စကနိပါတ် ကိမိလဝဂ်၌ဟောတော်မူသောဆေးနည်းကောင်းလေကြောင့်ဖြစ်ပါသည်
မြတ်စွာဘုရားဆေးနည်းဟောကြားသည်တော့မဟုတ်ပါ ယာဂု သုတ်ကိုဟောကြားခြင်ဖြစ်ပါသည်
“ရဟန်းတို့ယာဂု၏ အာနိသင်တို့သည်ဤငါးမျိုးတို့တည် ။အဘယ်ငါမျိုးတို့နည်ဟူမူ ....
၁။ ။ဆာလောင်ခြင်းကိုပါယ်ဖျောက်တတ်၏
၂။ ။မွတ်သိပ်ခြင်းကိုပါယ်ဖျောက်တတ်၏
၃။ ။လေကိုစုံစေတတ်၏
၎။ ။ဆီးအိမ်ကို သုတ်သင်(စင်ကြယ်)စေတတ်၏
၅။ ။အစာသစ် အစာကြွင်းကိုကျေစေတတ်၏
ရဟန်းတို့ယာဂု၏အာနိသင်တို့သည်ဤငါးမျိုးတို့ပေတည်"
ဤသို့ယာဂု ခေါ်ဆန်ပြုတ်၏အာနိသင်ကိုဖတ်မိသောနေ့ကစ၍မှတ်သားထာပြီးလျှင် ဝေဠုလေနာဖြစ်လျှင်
ဆန်ပြုတ်ကြိုခိုင်းပြီး ပူပူကိုမုတ်သောက်လိုက်တော့သည် ။သောက်နေစဉ်ပင်လျှင်ထိုးကျင်နေသောလေများ
ချက်ချင်ကြေ၍ စုံဆင်သွားတော့သည်။ထို့ကြောင့်ယာဂုလို့ခေါ်သော ဆန်ပြုတ်သည် အမြင်အားဖြင့်မတင့်
တယ်ပေမယ့် လူတို့အတွက်တော့အသုံးဝင် ဆေဘက်ဝင်သောအာဟာရတစ်မျိုးအကျိုများသောအာဟာရ
ဖြစ်ကြောင်တင်ပြလိုက်ရပေသတည်း
ဝေဠု
၂၁.၈.၂၀၁၅
0 comments:
Post a Comment