Aug 22, 2015

စကားများစွာ​ပြောသူဧ။်​အပြစ်

                   စကားဆိုသည့်အတိုင်းပင် စမိသည်နှင့်ချဲ့ကားတော့၏
မဟုတ်လည်းပြောသည် ဟုတ်လည်းပြောသည် ပြောမိသည့်စကားသည်
သတိမပါပဲပြောမိသော် အမှန်နည်း၍အမှားများတတ်လေသည်။အမှားသောစကား
သည် အပြစ်ဖြစ်တတ်၏။အပြစ်များသော်ခိုက်ရန်များတတ်ကြသည်သာဖြစ်၏
ထိုကြောင့်မြန်မာစကားပုံ၌ “စကား စကားပြောပါများ စကားထည်းက ဇာတိပြ၍
မာနတံခွန်ထောင်တတ်သည် "ဟုစကားမျာသူ၏အပြစ်ကိုဆိုခဲ့ကြလေသည်။
အလားတူစွာပင် စကားနည်းသူမှာလည်း စကားနည်သည်နှင့်အမျှ အမှားနည်တတ်ကြပြီး
အပြစ်လည်းကင်းတတ်ကြသည်ဖြစ်၏ ။ဤသို့စကားနည်းခြင်း၏အကျိုးကိုလည်း
“စကားနည်း  ရန်စဲ"ဟုစကားပုံ၌ဆိုခဲ့ကြသည်မဟုတ်ပါလား
       မည်သို့ဆိုစေ စကားသည်ပြောသင့်သောအချိန်၌ မှန်ကန်၍အကျိုးရှိသောစကား
ကိုပြောဆိုခြင်းက ပို၍သင့်လျှော်ပေသည်။မြတ်စွာဘုရားကလည်ထိုသို့ပြောရန်သာ
ဆုံးမတော်မူခဲ့ပြီမဟုတ်ပါလော။စကားများများပြောသူကို ဘုရားရှင်လည်းမကြိုက်သလို
လူအများကလည်းမနှစ်ကြပေ ။မြတ်ဗုဒ္ဓကားစကားများစွာပြောသူကို အင်္ဂုတ္တရနိကယ်
ကိမိလဝဂ် ဗဟုဘာဏိသုတ်၌....
       “ရဟန်းတို့စကားများသူ၏အပြစ်တိုသည်ဤငါးမျိုးတို့ပေတည်း၊ အဘယ်ငါးမျိုတို့လေနည်း
၁။ ။မဟုတ်မမှန်သည်ကိုပြောမိတတ်၏
၂။ ။ဂုန်းစကားကိုပြောမိတတ်၏
၃။ ။ကြမ်းတမ်းသောစကားကိုပြောမိတတ်၏
၎။ ။သိမ်ဖျင်းသောစကားကိုပြောမိတတ်၏
၅။ ။ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ချမ်းသာကင်းသောငရဲဘုံသို့ရောက်ရ၏
ရဟန်းတို့စကားများသူ၌အပြစ်တိုသည်ဤငါးမျိုးတို့ပေတည်း"ဟုအပြစ်ပြဆုံးမတော်
မူခဲ့ပေသည်။ဤသည်ကိုထောက်ရှု့ကြ၍စကားများစွာပြောခြင်းသည်မကောင်းဟု
မှတ်ယူကြကာရှောင်ရှားသင့်လှပေသတည်း

ဝေဠု

၂၂.၈.၂၀၁၅

0 comments:

Post a Comment