Dec 12, 2014

မိုင်း​ယောင်းမြို့နယ်​ မိုင်းဟန်​သို့(၂)

မိုင်းရောင်မြို့နယ် မိုင်းဟန်သို့ (၂)

မိုင်းဟန် ရွာနှင့် အနီတစ်ဝိုက်
   
    မိုင်းဟန်ရွားသည် မိုင်းဖြတ်မြို့မှ မိုင်းရောင်းမြို့သို့သွားရာကားလမ်းမ
ကြီးဘေးတွင်ရှိသည် ၊ မိုင်းဟန်ရွာကလေးကား အိမ်ခြေ ၂၈ အိမ်
သာရှိသောရွာကလေးဖြစ်သည်၊ ရွာဧ။်အောက်ခြေတွင်အလွန်ကြည်လင်၍ အလွန်အေးမြသော မိုင်းဟန်ချောင်းအမည်ရှိရေချောင်းနှင့်အလွန်ပနာရလှဧ။် ၊မိုင်းဟန်မှ မိုင်းရောင်းမြို့သို့ ၁၅ မိုင်
ဝေသေးဧ။် ၊ အနီတဝိုက်တွင်မူ ၅ မိုင်အကွာ၌ မိုင်းဟော့ ရွာနှင့် အခါလူမျိုးများနေထိုင်သောရွာသာရှိသည် ။မိုင်းဟန်ရွာကား လိရှမ်းများနေထိုင်ကြသည် ။မြန်မာစကားကိုအနည်းအကျဉ်းသာပြောတတ်ကြသည် ။
      အသက်မွေမှုလုပ်ငန်းတွေကတော့ လယ်ယာလုပ်ငန်း တောင်
ယာလုပ်ငန်း သစ်တေားပစ္စည်များ ဖြင့်အသက်မွေးကြပြီ မိုင်းဟန်
ချောင်းမှထွက်သော ငါးများ ရေညှိများကလည်း ရွားသူရွာသားများအ
တွက် စီးပွားရေးအထောက်အကူဖြစ်စေသည် ၊ မိုင်းဟန် ရောက်လျှင် မြို့ကြီးသူများ အလုအယက်ဝယ်ကြသည်မှာ ရေညှိခြောက်နှင့် မိုးခြောက်တို့ပင်ဖြစ်ဧ။် ။တောတောင်ထူထပ်သောရွာလည်းဖြစ်ဧ။် ။ ၆ -၁၂-၂၀၁၄ ရက်နေ့နံနက ချောင်းကူးတံတားဖြစ်သည့်ဝါး
ကြိုးတံတာကိုဖြတ်လျှောက်ရင် ချောင်းတဖက်ကန်းရှိလယ်ကွင်း
များ တောတောင်များ စန်းချောင်းများသို့ သွားရောက်လေ့လာကြ
သည် ။ဘာရယ်လို့တော့မယ်မယ်ရရမတွေ့ပါ ရွာသားများ ရေအား
လျှပ်စက်ထုက်လုပ်သည့်နေရသို့ကြည့်ရင် တောတောင်သဘာဝကို
ကြည့်ရှုရင်သွားလိုက်ကြခြင်းပင်ဖြစ်ပါသည် ။
    ညနေ ၃း၀၀ နာရီကျော်တွင် ဝေဠုတို့အဖွဲ့သည် မိုင်းဟန်ရွားနှင့်
မိုင် ၂၀ လောက်ဝေးသော ထပ်လုံးရှေးဟောင်စေတီသို့သွားရောက်ကြပါသည် ။
ထပ်လုံစေတီတောကား ထောင်ထိပ်တွင်ရှိပြီး ရှေးနှစ်ပေါင်း
နှစ်ထောင်ကျော်က ရဟန္တာမထေရ် လေးပါးရဟန္တာမဖြစ်မှီတရား
အားထုတ်ရင်း ဤစေတီကိုတည်ခဲ့ကြသည်ဟုပါးစပ်ရာဇဝင်အရသိ
ရပါသည်။ ကျောက်စာပေစာဖြင့်တိတိကျကျမှတ်တမ်းထာမှုက
လည်းဂုဏ်စာဖြင့်ရေးထာလေတော့ ဂုဏ်စာမတတ်သောဝေဠု
ဘာမျှမတတ်သာ ခပ်ခွါခွါသာနေပြီး စေတီပေါ်မှာရဟန်းဝတ်ပြီး
၁၄ နှစ်ကြာစောင့်ရှောက်နေသော ရှမ်းဦးပဉ္စင်းကြီးဧ။် ပြေကြာချက်ကိုသာမှတ်ခဲ့ရသည် ။
        ထပ်လုံစေတီပေါ်မှအောက်သို့ဆင်းလိုက်သောအခါ ထိုစေတီ
တည်ခဲ့ကြသောရဟန်းတော်လေးပါဧ။်ဓာတ်တော်များစုပေါင်းပြီး
တည်ထားသောဓာတုစေတီကိုလဲဖူးမျော်ခဲ့ရပါသည်။ ထပ်လုံစေ
တော်ကား မိုင်းရောင်းမြို့နယ်တစ်ဝိုက်တော့အလွန်ထင်ရှားသော
စေတီဖြစ်သည် တောင်ထိပ်တွင်တည်ရှိပြီး နယ်မြေသူတို့ကဘေးမဲ့
ပေးထား၍လော သို့မဟုတ်ဘုရားဝတ္တကနယ်မြေမိုလား မပြောပြ
တတ်ပေ တောစိုးသစ်ပင် ဝါပင်များ သဘာဝအလျှောက်ပေါက်ရောက်နေသောအပင်များထူးထပ်သိပ်သည်းနေသည် ဘုရားလည်းဖူး တောသဘာဝကိုလည်းခံစားလိုသူတို့အနေဖြင့် ဤထပ်လုံစေတီတော်မြတ်သည် အရောက်သွာသင့်သောနေရာဖြစ်သလို
ရပ်ဝေရပ်နီးမှဘုရားဖူးလာရောက်ကြသူတွေနှင့်စည်ကားနေပေသည်
မိုင်းရောင်မြို့နှင့်သုံးမိုင်လောက်သာဝေး၍သွားရောက်ရန်မခက်ခဲပါ ။လမ်ကြုံလို့
မိုင်းရောင်မြို့ရောက်ပါက သွားရောက်ဖူးမျော်ကြပါရန်တိုက်တွန်းလိုက်ပါရစေ

ဝေဠု

ဆက်လက်၍မိုင်ဟန်ဘုရားပွဲ အကြောင်တင်ပြပါဦးမည်

0 comments:

Post a Comment