မိုင်းယောင်း မြို့နယ် မိုင်းဟန်သို့
ဝေဠုနှင့်အတူ ဝေဠုဝန်ကျောင်းမှ ရဟန်းတော် သုံးပါး ရွှေတောင်ကုန်းဆရာတော်နှစ်ပါး တိုသည် ၅-၁၂-၂၀၁၄ ရက်နေ့ ၂း၀၀နာရီးအချိန်တွင် ရှမ်းပြည်ယ်အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင်
မိုင်ရောင်မြိုနယ် မိုင်းဟန်ကျေးရွာ ဘုရားပွဲးတော်သို့ သွားရောက်ကျပါသည် ။မရောက်ဘူး၍ ဒေသန္တရ ဗဟုသုတအလိုငှာ၎င်း၊ မိုင်းဟန်ကျောင်းဆရာတော် ဦးဇဋိလ မှလည်းအထူးတလည်လာရောက်ဖိတ်မန်ခြင်ကြောင့် သွားရောက့်ကြခြင်းဖြစ်ပါတယ်။
ဘုရားပွဲတော်ကားလာရောက်ဖိတ်မန်စဉ်က ၆-၁၂-၂၀၁၄ ပင်ဖြစ်သည်။ဝေဠုတို့ထွက်လာလို့မိုင်းဖြတ်မြို့မှမိုင်းရောင်သို့ထွက်မှဦးဇဋိလမှဖုန်းဆက်လာဧ။် ဘုရားပွဲးတော်က ၇-၁၂- ၂၀၁၄ ပြောင်းထားတယ်တဲ့။ ကဲ ဘားတတ်နိုင်းမှာလဲလာခဲ့သည့်ခရီးကထက်ဝက်ကျော်လာပြီ နောက်ပြန်မလည့်တော့ဘူးဆက်ပဲသွားကြရအောင်ဆိုပြီးဆက်၍သာခရီးနှင်ခဲ့ကြသည် ။ဝေဠုတို့ခရီသွားတိုင်းတခုမဟုတ်တစ်ခုလွဲးရမှ အလုပ်ကပြီးတာ အစဉ်အလာတစ်ခုလိုဖြစ်နေပေသည် ။တစ်ခုလွဲးပြီးသွားပြိံ နောာက်ထပ်ဘာတွေလွဲးဦမည်နည်းမတွေးတတ်သေးပါ ။
စွမ်ဟိန်းဂူ
ဆက်ပြီးဝေဠုခရီဆက်လာရာ မိုင်းဖြတ်အရှေ့ နှစ်မိုင်းကျော်ကျော်လောက်ရောက်လျှင် ကောင်းနေသေားလမ်ရများသည် မျက်လှည့်ဆရာဧ။် လှည့်ကွက်အောက်ရောက်သွား
သော ပစ္စည်းကဲ့သို ရုတ်ချည်းပျောက်ကွယ်သွားတော့ဧ။် ။ချိုင့်ခွက်များကျောက်ကြမ်းကိုသာတွေ့ရမြင်ရတော့သည်၊ ဝေဠုတို့မောင်းလာသော ဖိုးဝှေ့နှစ်ခန်းတွဲကားလေးသည် ချိုင့်ခွက်များ ကျောက်ကြမ်းများကြားက အလူးလူးအလိမ့်လိမ့်ဖြင့်ပင်ရောက်လိုသည့်ခရီးကိုပို့ပေးနေပါသည်။
နေ့လည် ၂းဝနာရီကျော်ကျော် ခရီနှင်မိသောအခါတွ မိုင်းဖြတ်မြို့နှင့် ၁၈ မိုင်အကွာ မိုင်းလင်းဆရာတော်သီတင်းသုံးသောစွမ်ဟိန်းဂူသို့သွားရာလမ်းမုခ်ဦးသို့ရောက်လာသည်၊ မည်မျှဝေလေသည်ကားမသိ၊ ယ္ခုတစ်လောအလွန်ကျော်ကြားနေသောဂူဖြစ်၍လမ်ကြုံတုန်ရောက်ဖူအောင်တော့သွားချင်သည် ။မိုင်းဟန်ရွာသို့ခရီဆက်ရမည်ကလည်းရှိသေး၍ မဝေလျှင်တော့သွာမည်ဟုဆိုကာ ကားပေါ်မှဆင်း၍ ကားလမ်းဘေးရှိကျောင်းဆရာမလေးကို
မေးကြည့်ရသည်။ စွမ်ဟိန်းဂူသို့ရောက်အောင် ၅ မိုင်ဝေးသေသည်ကားလမ်ပေါက်သည် လမ်းလည်းကောင်းသည် သွားလျှင်မကြားပါ ဟုဆို၍ ဝေဠုတို့အဖွဲ့ရောက်ဖူးအောင်သွားလိုက်ကြဧ။် ။
လမ်းကတော့မြေနီလမ်းပင်ဖြစ်ဧ။် ညီညာစွာရှိပါသည် ။ယခုမှလမ်းသစ်ဖောက်ထား၍လာမသိ အပျက်အစီးမရှိလှပေ သို့သော်ကတ္တရာလမ်းခင်းဘို့ရာ ကျောက်ကြီးကျောက်ခဲးတွေကိုခွဲးထု၍လမ်းခင်းနေသည်ကိုလည်းတွ့ရသည် ၊တောတောင်းလျှိုမြှောင်များကို
ဖြတ်၍ဖောက်ထားသောလမ်းသစ်ဖြစ်၍ သဘာဝကပေးသောရနံ့သဘာဝကပေးသောကြည်နူးဘွယ်သည် ဘာနှင့်နိုင်ယှဉ်မည်နည်းမြင်ရတွေ့ရသော အရာအာလုံးသည် ဝေဠုဧ။်စိတ်ကိုအနိုင်ယူကာဆွဲညို့ထားလိုက်ကြဧ။် ။
တောရဲ့သဘာဝကိုအားပါတရခံစားရင်း နာရီဝက်ခန့်မောင်သွားမိသောအခါ အံ့သြဘွယ်အစုံစုံ ရှိ့လှသောစွမ်ဟိန်းဂူသို့ရောက်ခဲ့ပါသည် ။ဂူကြီးဧ။် အကြောင်းကိုတော့ ဦးပဉ္စင်းကြီတစ်ပါးကဂူအတွင်းသို့လိုက်ပို့ရင်ရှင်းပြပါသည် ။
ဤဂူကြီးကို မိုင်းလင်းဆရာတော်ဘုရားစတင်တွေ့ရှိပြီးဝါတွင်းကာလတွင် ဆရာတော်သီးတင်းသုံးသည်မှာ သုံးဝါပင်ရှိသည်ဟု မိုင်းလင်းဆရာတော်လဲ ဝေဠုကိုမိန့်ကြားဘူးသည်
ဂူဧ။် အဝင်ပေါက်မှာ (၈)ပေအမြင့် (၄)အကျယ်ရှိပြီး အတွင်းသို့
ဝင်ကြည်မိသောအခါတွင် ''အား ပါး ပါး"အလွန်ကျယ် အလွန်မြင့်နေသည်ကိုအံ့သြဘနန်းတွေ့ရမြင်ရပေသည်။ ခန့်မန်ခြေ ပေ(၈၀)လောက်ကျယ်ပေလိမ့်မည် ။မည်မျှရည်သနည်းမသိနိုင်ပေ။မိုင်းလင်းဆရာတော်ကတော့ မြန်မာပြည်မှာတော့အကြီးအကျယ်ဆုံးအခန်းနာဆုံးဟု့ဝေဠုကိုပြောပြဘူးဧ။် ယ္ခုမူဝေဠုကိုယ်တိုင်မျက်မြင်တွေ့ရသောအခါတွင် မိုင်းလင်းဆရာတော်ပြောဘူးစကားသည်ဟုတ်ပေစွတကားဟု ရင်ဘတ်တီး၍အံ့ချီးရပေတော့သည်။
သဘာဝအလျှောက်ဖြစ်နေသောကျောက်ပန်းဆွဲးများသည်ပန်ချီ ဆရာ ပန်းပုဆရာတို့ စိတ်ကူးကိုလှောင်ပြောင်သကဲ့သို့ရှိနေပေသည်။ ဂူအတွင်းသို့လျှောက်ခဲ့သည်မှာ ၂း၀၀ နာရီခန့်ကြားသော်လည်း ဂူကြီးဧ။်အဆုံးကားမမြင်ရသေးပေ ဂူအတွင်းမှာလည်းမိုင်းလင်းဆရာတော် သီတင်သုံးရာ မိုင်းဖုန်းဆရာတော်သီတင်သုံးတော်မူရာနေရာကျောင်းများလည်ရှိနေပြီးကျောက်နံရံများပန်းပုဆရာတိုဧ။်လက်ရာဆင်တုတော်များကိုလည်းတွေ့ရပါသည်။
ဝေဠုတို့ ဆုံးသည်တိုင်အောင်မလျှောက်နိုင်တော့သဖြင့် ရှေဆက်ရမည့်ခရီးကားရှိနေသေး၍ ပြန်ထွက်ခဲ့ကြရသည် ၊ဂူးကြီးကို လိုက်လန်ပြသသော ဦးပဉ္စင်းကြီပြောစကားအရ ခြောက်ထပ်ရှိပြီ အရှည်ကိုတော့သူကိုယ်တိုင်လည်းအဆုံးထိမသွာဘူးကြောင်း ဂူပေါက်တွေများပြာသည့်အတွက်မျက်စိလည်နိုင်ကြောင်း အကယ်၍လေ့လာလိုက ညအိပ်ပြီရက်ကြားကြားလေ့လာမှအဆင်ပြေနိုင်သည်ဟုပြောပြပါသည် ။
ဝေဠုတို့အဖွဲ့လည်းဂူးအတွင်းမှာမီးအလင်ရောင်မရှိ ဓာတ်ပုံမှတ်တမ်းမတင်နိုင်ကြပေ သွားတုန်းကလည်းလက်နိပ်ဓာတ်မီးဖြင့်သွားရသည်။
ဂူအပြင်ရောက်မှ အဆောက်အဦးများ ဆောက်လုပ်ရေးလုပ်ငန်များ ကိုသာမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး မိုင်ရောင်းမြို့ဘက်ခရီးဆက်ခဲ့ကြရာ ည ၇း၀၀ နာရီအချိန်တွင် မိုင်းရောင်မြို့နယ် မိုင်းဟန်ကျေးရွာသို့ ရောက်ရပေတော့ဧ။် ။
မိုင်းဟန်ရွာ အတွေအကြုံကိုဆက်၍တင်ပြပါဦးမည်
ဝေဠု
0 comments:
Post a Comment