Dec 9, 2014

မိုင်း​ရောင်းမြို့နယ်​ မိုင်းဟန်​သို့ (၃)

မိုင်ရောင်းမြို့နယ် မိုင်းဟန် သို့  (၃)

  မိုင်းဟန်ကျေးရွာ ဝိမုတ္တိသုခစေတီဘုရာပွဲး

      ထပ်လုံစေတီတော်ကိုဖူးမျှော်ကြည်ညို၍ ဝေဠုတို့အဖွဲ့ထပ်လုံ
တောင်ပေါ်မှ ညနေ ၅း၀၀ နာရီကျော်တွင်ပြန်ဆင်ခဲ့ကြသည် ။
အပြန်မှာလာရာလမ်းအတိုင်းမဟုတ်ပဲ မိုင်းရောင်မြို့ဘက်သိုလှည့်
ပြန်လာကြသည်။ပြန်လာချိန်မှောင်မိုက်စပြုနေပေသည် ။မိုင်းရောင့်းမြို့ထည်းရောက်တော့အတော်ပင်မှောင်နေပေပြီ ။မိုင်းရောင်းမြို့
သူများလည်းဈေးဆိုင်များပိတ်၍တိတ်ဆိတ်ငြိမ်သက်နေကြပေပြီ
တောမြို့ဆိုပေမယ့် အတော်စည်ကားဟန်ရှိသည်။ ရွှေတောင်ကုန်
ဆရာတော်ဧ။် အသိဒါယကာ ပယိဘောဂအရောင်ဆိုင်တွင်ခေတ္တ
နာကြသည် ။ဆို်င်ရှင်ကလည်းအအေးမျာဖြင့်ဧည့်ခံပါသည် ။
   ထိုပရိဘောဂဆိုင်မှ ၆း၃၀ မှာထွက်လာကြပြီး မိုင်းရောင်နှင့် ၅ မိုင်သို့ရောက်သော် ဝမ်စလီရွာသို့ရောက်၍ ဒေါ်ကေသွယ်တို့အိမ်
တွင်ခေတ္တနာကြပြန်သည် ဒေါ်ကေသွယ်မိသားစုမှ အအေးများ
အခြာစားဖွယ်ရာများဖြင့်ဧည့်ခံကြွေမွေးပါသည်။ ဝေဠုကာကျန်းမာ
ရေးမကောင်း တာချီလိတ်မှာကတည်းကပင်ချောင်ဆိုနေ၍ ဒေါ်
ကေသွယ်မိသာစုမှ နောက်ကျော ရင်ဘတ်တွေကိုဆေးလိမ်းပေး
ကြသည် ။အပြန်မှာလဲ ငါးချောက်များ ကလားပဲများကိုတာချီလိတ်
မှာစာဘို့ထည့်ပေးလိုက်သေးသည် ။ဝေဠုတိုကတော့ဘာမျှပေးစရာ
မပါ ၊ကျေးဇူးတင်ပါသည်ဟုသာပြောနိုင်ကြသည် ။ဒေါ်ကေသွယ်
တို့ကြွေသမျှပေးသမျှတွေအာပါးတရစားသောက်ယူဆောင်ကြပြီ
ပြန်ထွက်လာကြရာ မိုင်းဟန်သို့ည ၉း၀၀ နာရီကျော်မှရောက်ကြ
သည်။ မိုင်းဟန်ကျောင်သို့ရောက်သော် ရွာသူရွားသားများနှင့် မြို့
ပေါ်မှစေတနာရှင်များသည် ဝိမုတ္တိသုခစေတီဘုရားပွဲတော်အတွက်
   ချက်ရေးပြုတ်ရေးကိုပျော်ပျော်ပါးပါးလုပ်ကိုင်နေကြသည်ကိုတွေရ
ပေသည်။
ဘုရားပွဲးဆိုသည့်အတိုင်ပင် မြို့ပေါ်မှဝတ်အဖွဲ့များက စေတီတော်
မြတ်ကြီးကို ဓမ္မစကြာဖြင့်ရွတ်ဆိုပူဇော်နေကြသည် ။နံနက်မိုးလင်းလျှင် မြတ်စွားဘုရာရှင်ကိုရည်မှန်၍စေတီတောာအားပန်းဆီမီး
ဆွမ်းတို့ဖြင့်ပူဇော်မည် သံဃာတော်တွေဆွမ်းကပ် ဆွမ်းဆန်စိမ်း
လောင်လှူမည့် ဤအစီအစဉ်ကလွဲး၍အပျော်အပါး ဇာတ်ပွဲးအငြိမ့်ပွဲးလောင်ကစားဝိုင်းဘာမျှမပါ ။အချို့သောဥပသကာကြီးများနှင့် ရဟန်းတော်များက စေတီရင်ပြင်တွင် တရားရှုမှတ်ရင်းဖြင့် ဘုရား
ရှင်ကိုတရာဖြင့်ပူဇော်နေကြပေသည် ။ဗုဒ္ဓပူဇနိယပွဲတော်အစစ်ပင်
ဖြစ်ပါသည်။ အဖြူထည်ကုသိုလ်စစ်စစ်ဖြင့်ပူဇော်သောပွဲးဖြစ်ပါသည်။တနည်းဆိုရသော် ဘုရားရှင်အား ဘုရားအလိုတော်အတိုင်းပူဇော်နေကြခြင်ပင်ဖြစ်ပါသည်။ ဝေဠုတွေကြုံဘူးသော
မြန်မာပြည်အနယ်နယ်အရပ်ရပ်ကဘုရားပွဲးများသည် ဇာတ်ပွဲး
အငြိမ့်ပွဲး လောင်ကစားအမျိုးမျိုးဖြင့်ဘုရားမနှစ်သက်သည်များ
ကိုပြောင်ပြောင်တင်တင်ပြုနေကြသည်ကိုသာတွေ့ဘူးမြင်ဘူး
ပါသည် ။ မိုင်းဟန်ရွာလေးဧ။် ဝိမုတ္တိသုခ စေတီဘုရားပွဲတော်က
တော့ဖြင့် မြန်မာပြည်ဘုရားပွဲးနဲ့တော့ ခြားချင်တိုင်းခြား ကွာချင်
တိုင်ကွာနေပေသည်။ ဘုရာမကြိုက်သောပူဇော်ခြင်းမျိုသည် ကု
သိုလ် တစ်ပဲ ငရဲတစ်ပိဿာဖြစ်၍ လယ်တီဆရာတော်ဘုရားကြီက
"တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရာပွဲး"ဟုညီးငြူတော်မူရှားဘူးဧ။် ။
    ၇-၁၂-၂၀၁၄ ရက်နေ့နံနက်တွင်ဆွမ်းဆန်လောင်းလှူဘို့ ကျေး
ရွာအသီးသီးမှ လူများရောက်လာကြသည်။ရောက်လာသမျှပရိသတ်
တွေကိုလည်း သတ်သတ်လွှက်ထမင်းဟင်းဖြင့်ဧည့်ခံကြွေးမွေးကြ
သည် ။
    အတီးအမုတ်အကခုန်မပါ ပဲလည်းဝိမုတ္တိသုခစေတီတော်မြတ်ပူဇော်ပွဲကတော့စည်းကားသိုက်မြိုက်လှဧ။် ဆွမ်းဆန်စိမ်းလှောင်းလှူ
ပွဲးအခန်းအနားကို ၉း၀၀ နာရီမှစတင်မှာဖြစ်လို့ အချိန်ရသေးတာ
နှင့်ဝေဠုတို့မိုင်းဟန်ချောင်းကမ်းနားဘက်သို့လမ်းလျှောက်ထွက်ခဲ့
ကြသည် ချောင်းရိုးတစ်လျှောက်လမ်းလျှေက်ကြရင် တနေရာတွင်
ချောင်းထည်းသို့စီဝင်နေသော လျှိုမြှောင်းလေတွေရ၍
ထိုလျှိုမြှောင်အတိုင်းရွာဘက်ကိုဆန်တက်လာရာ ကမ်းနာတနေရာတွင်
သိန္ဓော မြင်ခွါခေါ် ဆေးမြင်းခွါပင်ကိုတွေ့ရ၍အမြစ်အုံးနှင့်တကွတူး
ယူလာကြဧ။် ။ဆေးမြင်းခွာပင်ကိုရွာထဲကားလမ်းဘေးအိမ်မှာထားခဲ့
ကြပြီကျောင်းပေါ်တက်လာကြသည် ။
      ကျောင်းပေါ်ရောက်တော့ အခန်းအနားစဘို့ပြင်ဆင်နေကြပြိံ
ဖြစ်ပြီး ရွားကျောင်းဆရာတော် ဦးဇဋိလမှ အခန်းအနားစတော့မည်
ပင့်ဖိတ်ထားသောဆရာတော်မျာလည်းစုံနေပြီ ပဌမ ဘုရားအနေဇာတင်မယ် ပြီတာနှင့်ရေစက်ချအခန်းအနားစမယ် ဝေဠုဝန်ဆရားတော်တရာချီမြင့်ပေးပါဟုလာရောက်လျှောက်ထားသည်
ဒါးနှင့်ရဟန်တော်များသည်စေတီရင်ပြင်ပေါ်သို့တက်ရောက်နေရာ
ယူတော်မူကြသည် ။နေရာယူပြီနောက် ဦးဇဋိလမှအခန်းနာမူးအ
ဖြစ်ဆောင်ရွက်ပြီ ဘုရားအနေဇာတင်ခြင်းအမှုပြုတော်မူကြပါသည်
ထို့နောက်မှာသံဃာတော်များမဏ္ဌပ်အတွင်းထိုင်ခုံများပေါ်သို့ကြွ
ရောက်ပြောင်းရွှေ့သီတင်သုံးကြပြီရေစက်ချအခန်းအနားကိုစတင်ကြပါသည်။
      အခန်းနားမူအဖြစ် မိုင်းဟန်ကျောင်းဆရာတော် ဦးဇဋိလကဆောင်င်ရွက်ပြီ မိုင်းယုဆရာတော်မှငါးသီလချီမြင့်၍ သံဃာတော်
မျာကပရိတရားတော်ချီမြင့်တော်မူကြပြီး ဝေဠုဝန်ဆရာတော်မှရေ
စက်ချတရားဟောကြားကာအလှူရေစက်ချပေးတော်မူပါသည်။
       တရားနာပြီနောက်တွင်ဆွမ်းစိမ်းလောင်လှူခြင်စာရေးတန်မဲ
ဖောက်ခြင်းများပြုလုပ်၍အခန်းနာကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သာ
သနာ့အဓိဋ္ဌာန်သုံကြိမ်ရွတ်ဆိုပူဇော်ပြီအခန်းနာားကိုယုတ်သိမ်း
လိုက်ကြပါသည်။
    အခန်းနားပြီးနောက် ကြွရောက်တော်မူကြသောသံဃာတော်
တို့အားဆွမ်းခဲဘွယ်တို့ဆက်ကပ်ကြပါသည် ဝေဠုတို့လည်းနေ့ဆွမ်း
စားပြီးနောက်နေ့  ၁၂း၀၀ နာရီမှာမိုင်းဟန်ရွာမှတာချီလိတ်တို့ပြန်ခဲ့
ကြရာ ညနေ ၅း၀၀ နာရီကျော်မှ ပြန်ရောက်ရပေတော့ သည်

ဝေဠု

0 comments:

Post a Comment