Nov 17, 2014

ဝေဠုအမြင်​ ​ဝေဠု ဆန္ဒ

ဝေဠု အမြင် ဝေဠုဆန္ဒ

ယ္ခုတလော NLD ပါတီဝင်အချို့တိုသည် မျိုးချစ်အဖွဲ့အစည်းများအပေါ် ရဟန်းတော်များအပေါ် ရန်ညိုးကြီးစွာဝေဘန်တိုက်ခိုက်နေသည့် အနေအထားများစွာတွေ့နေရသည်။ အလာ
တူစွာ မျိုးချစ်များစွာကလည်း NLD အပေါ်ဝေဘန်တိုက်ခိုက်မှုတွေပြုလုပ်နေတာကိုလဲတွေ့
နေမြင်နေရသည်ပင်။
    ဤသို့တစ်ဦးနှင့် တစ်ဦးအပြန်အလှန်တိုက်ခိုက်ဝေနေခြင်းဖြင့်နိုင်ငံတော်ကြီးတိုးတက်လာ
မည်မဟုတ်သလို ဖရိုဖရဲပြိုကွဲပျက်စီဘို့ကများပေလိမ့်မည်။ ပစ္စုပ္ပန်းလဲအကျိုးမရှိသလို သံသရာ
အတွက်လဲကောင်းကျိုးမဖြစ်နိုင်တဲ့အပြုအမူတွေလိုပဲပြောပါရစေ။
      အလုံးစုံသောနိုင်ငံရေးပါတီများ နိုင်ငံအတွင်းရှိပရဟိတအဖွဲ့များသည် မိမိအမျိုးသား မိမိ
နိုင်ငံ တိုးတက်ရေး ချမ်းသာရေး ဘေးကင်းလုံခြုံစိတ်ချစေရေး တိုကို့ မိမိတို့ဧ။် မျိုးချစ်စိတ်
တိုင်ပြည်ချစ်စိတ်လုပ်ဆောင်နေကြသည်ပင်ဖြစ်ပါသည် ။တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့
အမြင်မတူ မူဝါဒမတူတာတွေရှိနေကြပေမဲ့ တိုင်ပြည်နှင့်လူမျိုးချစ်စိတ်တော့အတူတူရှိနေကြ
သည်ဟုဝေဠုမြင်ပါသည် ။
     ဝေဠုက ဘာကောင်မှမဟုတ်ပါဘူး ဘယ်ပါတီဝင်မှမဟုတ်သလို ဘယ်အဖွဲ့စည်ကမှလဲ
မဟုတ်ပါဘူး ။ပါတီဝင် အဖွဲ့စည်းဝင်မဟုတ်ပေမဲ့တိုင်ပြည်နှင်လူမျိုးကိုချစ်တာကတော့ ပါတီ
ထောင်သူထက်တော့မနိမ့်ဘူးလို့ပြောပါရစေ။အဖွဲ့အစည်းကိုကြောက်လို့မည်သည့်အဖွဲ့မှမဝင်တာပါ ။
    ဝေဠုအမြင်ပြောပါရစေ တိုင်ပြည်ချစ်စိတ် လူမျိုးချစ်စိတ် အလုပ်လုပ်နေကြသူချည်ဖြစ်ကြ
သူတွေအနေဖြင့် အမြင်မတူတာတွေကိုစားပွဲတစ်ခုထည်းမှာပြေကြ ဆွေနွေးကြမည်၊ လော
လောဆယ်ဆယ် မတူညီနိုင်တာတွေကို ခဏထား တူညီတဲ့အလုပ်တွေအတူတကွတွဲးလုပ်ကြလျှင် တိုင်ပြည်လဲလုံခြုံ တိုးတက်မှုလဲရှိလာမှာပါလို့ မြင်မိပါတယ်။ကျီးကိုဘုတ်ကရိုသေ
ဘုတ်ကကျီးကိုရိုသေကြရင်ဖြင့်ငြိမ်းချမ်းတဲ့နိုင်ငံတော်ဖြစ်လာမှာပါ။
    ဤသို့မဟုတ်ပဲတစ်ဦးအပြစ်ကို တစ်ဦးကအပုပ်ချ တဖွဲ့ဧ။်မှားကွက်ဟာကွက်ကိုမိမိအောင်
မြင်ရေးလှေခါတက်သဖွယ်လုပ်နေကြလို့ကတော့ ဝက်ဝံနှင့်ကြိုပင်စောင့်နတလို ကျီးနှင်ခင်
ပုတ်ငှက်တို့လိုဖြစ်ပြီ နောက်ဆုံးတော့တိုင်ပြည်လဲပျောက် လူမျိုးလဲရှာမရ မြန်မာတွေရေတိမ်
နှက်ရတဲ့ဘဝမျိုးတွေဖြစ်ကုန်ပါလိမ့်မယ် ။ရန်ညိုးဖွဲ့၍ပြောဆိုတိုက်နေခြင်းသည် အောင်မြင်
ဘို့ထက် ရန်များ၍ဆုံးရုံးပျက်စီဘို့များနေသည်ကိုသတိပြုဆင်ချင်ကြစေရန်တင်ပြခြင်ဖြစ်ပါ
သည် ။
           အက္ကောစ္ဆိ မံ အဝဓိ မံ  ၊ အဇိနိ မံ အဟာသိမေ။
           ယေ စ တံ ဥပနယှန္တိ ၊ ဝေရံ တေသံ န သမ္မတိ။
ဤသူသည် ငါ့ကို ဆဲရေးဘူးပြီ ။ငါ့ကိုညှဉ်ဆဲးဘူးပြီ ။ငါ့ကို အောင်နိုင်ဘူးပြီ ။ငါ့ဥစ္စာကိုဆောင်
ဘူးပြီ ဟု ထိုသူ့အပေါ်၌ရန်ငြိုးဖွဲ့ကုန်ဧ။် ။ ထိုသူအား ဖြစ်ပေါ်လာသောရန်သည် မငြိမ်းအေးနိုင်။
           အက္ကောဆိ မံ အဝဓိ မံ ၊ အဇိနိ မံ အဟာသိ မေ။
           ယေ စ တံနုပနယှန္တိ ၊ ဝေရံ တေ သူပသမ္မတိ ။
  ဤသူသည် ငါ့ကိုဆဲရေးဘူးပြီ ။ငါ့ကိုညှဉ်ဆဲဘူးပြီ ။ငါ့ကိုအောင်ဖူးပြီ ။ငါ့ဥစ္စာကိုဆောင်ဘူးပြီ
ဟု ထိုသူ့အပေါ်၌ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား ဖြစ်လာသည့်ရန်သည် ပြေငြိမ်းနိုင်ဧ။် ။ ဟု
မြတ်ဗုဒ္ဓဟောတော်မူသောဆုံးမစကားကိုဆင်ချင်တော်မူစေလိုသည် ။

ဝေဠု

0 comments:

Post a Comment