Sep 2, 2013

ပဋိစ္စသမုပ္ပါဒ်ပန်းအလင်္ကာ စာ-၆


နမောတဿ ဘဂသတောအရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဒ၀န္ဒနာ

လောကဥက္ကဠ ထွဋ်မြတ်ဗုဒ္ဓါ၊
သစ္စာလေးပါး မထားဆရာ။
ပင်ကိုယ်ထိုးထွင်း ကြွင်းမဲ့များစွာ၊
သမ္ဗုဒ္ဓ နာမကျော်သည်သာ

ကိုယ်တိုင်လည်းသိများဘိဝေနေ၊
သိပါစေကြောင်း စိတ်ကောင်းဝေေ၀။
ဟောညွန်ပြလို့ ငါတို့တစ်ထွေ၊
အမှန်ပ မုချသိရပေ။

ကျေးဇူးကြီးလှ ဗုဒ္ဓဂုဏ်အင်
နေ့စဉ်အမျှ မှန်းဆဆင်ခြင်
စိတ်တွင်ရွှင်မြူး အထူးကြည်လင်
ဦးနှိမ်ချိုး ရှိခိုးဦးထိပ်တင်။

ရှင်တော်ဗုဒ္ဓ ဟောပြဓမ္မာ
ကျင့်ဆောင်သူများ မခြားကာလာ
မှန်စွာကြောင်းကျိုး ဖွင့်ဖြိုးဝေဆာ
မြတ်ဓမ္မ ကြီးလှဂုဏ်အင်္ဂါ ။

ကျေးဇူးကြီးလှ ဓမ္မဂုဏ်အင်
နေ့စဉ်အမျှ မှန်းဆဆင်ခြင်
စိတ်တွင်ရွှင်မြူး အထူးကြည်လင်
ဦးနှိမ်ချိုး ရှိခိုးဦးထိပ်တင်။













0 comments:

Post a Comment