သံဃာသန္ဒနာ
ဗုဒ္ဓဟောကြား တရားဓမ္မာ
ဗုဒ္ဓဟောကြား တရားဓမ္မာ
သင်ကြားဆောင်ကြ ထေရသံဃာ
သာသနာရေး သက်သွေးမညှာ
ထမ်းဆောင်ကြ ကြီးလှဂုဏ်အင်္ဂါ။
သင်ကြားဓမ္မ အရကျင့်ခါ
ကိလေနတ်မင်း ထုတ်ချင်းပါယ်ခွာ
အေးမြတ်သုခ ရကြချမ်းသာ
လယ်မြေနှင်း ထူးလင့်ထေရ်သံဃာ။
ကျေးဇူးကြီးလှ သံဃာ့ဂုဏ်အင်
နေ့စဉ်အမျှ မှန်းဆ ဆင်ခြင်
စိတ်တွင်ရွှင်မြူး အထူးကြည်လင်
ဦးနှိမ်ချိုး ရှိခိုးဦးထိပ်တင်။
အာစရိယ ၀န္ဒနာ
ဗုဒ္ဓဘုရား မိန့်ကြားဒေသနာ
ဓမ္မခဏ်များ တင်ထားဆရာ
ကိုယ်တိုင်လည်းကျင့် ထိုးထွင်းသိလာ
ခန္ဓာရှိ မြင်သိဒို့ဆရာ
ဆရာဖြစ်တိုင်း ဟုတ်တိုင်းမှန်စွာ
ဒုက္ခလွတ်ရေး မျှော်တွေးချင့်ကာ
တပည့်တွေအား သနားစေတနာ
ဓမ္မဆေး တိုက်ကျွေးဖန်ခါခါ။
ဆရာနည်းဖြင့် ကြီးမြင့်ထယ်ဝါ
မိုးကုတ်မည်ရ ၀ိပဿနာ
ဒုက္ခလွတ်လမ်း ဖြောင့်တန်းမှန်စွာ
သိခွင့်ရ ဆရာ့ကျေးဇူးသာ။
ဆရာ့ကျေးဇူး အထူးမျှော်မြင့်
နေ့စဉ်အမျှ မှန်းဆ ဆင်ခြင်
စိတ်တွင်ရွှင်မြူး အထူးကြည်လင်
ဦးနှိမ်ချိုး ရှိခိုးဦးထိပ်တင်။
0 comments:
Post a Comment