ပဋိစ္စသမုပ္ပါဒ်ကို ဟောရခြင်းအကြောင်း
သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ ဟူ၍ ဘုရားမြတ်စွာဟောတော်မူသော တရားတို့ကားများပြားလှ၏၊ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ၊ ကမာနံ အာဒီန၀ကထာ စသည်ဖြင့်ဟောပြော စရာတရားတော်များ၏။
ဆရာတော်ကြီးကား ထို့သို့ဟောပြောစရာတရားများစွာရှိပါလျှက် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံ၍ သစ္စတရားများကိုသာ ထင်ရှားအောင်ပြ၍ ဟောတော်မူ၏ အကြောင်းရှိပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ကား အို၊ နာ၊ သေ တို့မှ ကင်းဝေးရာ နိဗ္ဗာန်ပင်တည်း။
နိဗ္ဗာန်သို့ ရောက်လိုလျှင် ဒါနသတ်သတ် သီလသတ်သတ်တို့ဖြင့် မရောက်နိုင်ပေ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်မှ ရောက်နိုင်သည်။ ဉာဏ်အားကောင်းသော ၀ိပဿနာ (ဗလ၀ ၀ိပဿနာ) ကိုအားထုတ်မှသာ ရောက်နိုင်ရ ရနိုင်ပေသည်။ ဉာဏ်အားကောင်းသော ၀ိပဿနာ (ဗလာဝ ၀ိပဿနာ) ကို အားထုတ်ဆိုသည်မှာလည်း ခန္ဓာတွင် တွယ်ညှိကပ်နေသော ဒိဌိကို အသိဉာဏ်(ဉာတပရိညာ) ဖြင့် ဦးစွာခွါရမည်ဖြစ်သည်။
စာပြုသူ၏ ဆန္ဒ
အကျွန်ုပ်စာပြုသူကား ထိုကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏ ဉာဏ်တော်ကွန့်မြူးခဲ့သော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာသင်ကြားပို့ချရာတွင် ယောဂီသင်တန်းသားများ အသိဉာဏ်ရှင်းလင်း၍ မှတ်သားလွယ်ကူပါစေခြင်းငှာ ဉာဏ်မီသမျှဖြင့် ရှစ်လုံးဘွဲ့ ကဗျာများကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
ထိုသို့ ရေးသားရာတွင်ဆရာတော်ကြီး၏ ဉာဏ်တော်ကို မှီအောင်ပြည့်စုံအောင်ရေးသားနိုင်ခြင်းမရှိပါ၊ သမုဒ္ဒရာရာ၏အနက်ကို ခြင်တို့၏ နှုတ်သီးမောင်းတန်ဖြင့် တိုင်းတာ၍ မရနိုင်သကဲ့သို့ သမုဒ္ဒရာနှင့်တူသော ဆရာတော်ကြီး၏ ဉာဏ်တော်ကို စာပြုသူ ဉာဏ်က မမီနိုင်ပါ ထို့ကြောင့် စာပြုသူသည် ဉာဏ်မီသမျှဖြင့် သာမေတ္တာဖြင့်၊ စေတနာ အရင်းခံထားပြီးတင်ပြ လိုက်ရပါသတည်း။
ဌာပနာသွင်း၍ ရေးခြင်း
ရှစ်လုံးဘွဲကဗျာများကိုရေးသားရာတွင် စာရေးသူ၏ ဉာဏ်ကိုချည်းအားမကိုး မိုးကုတ်ဝိပဿနာပြန့်ပွားရေးအဖွဲ့ချုပ်နာယက ဆရာတော်ဖြစ်တော်မူသော ရန်ကုန်မြို့ ဇနိတာရာမကျောင်းတိုက်ကြီး ဦးစီးပဓာနနယက ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ(၁၂) ပါး ရှစ်လုံးဘွဲကဗျာကို အတွင်း ဌာပနာ၍ ရေးသာခြင်း ဖြစ်ပါသည်။
အမှာ
စာပြုသူကား ပုထုဇဉ်မျှသာတည်း တည်ကြည်ခိုင်ခန့်သော သမာဓိအား ကောင်းကောင်းမပြည့်စုံသေးပါ သို့သော် သိစေချင်၊ တတ်စေချင်၊ တရားထူးရစေချင်၊ ဆရာတော်ကြီး၏ တရားများ ပြန့်ပွားစေချင်သော စေတနာဆန္ဒများဖြင့်သာ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ မှားတတ်သော သဘာဝကား လူသားတိုင်း မွေးရာပါ ဓလေ့ဖြစ်၍ မှားတတ်ပါသည် ထို့ကြောင့် စာပြုသူ၏ ပဋိစ္စသမုပ္ပါဒ် ပန်းအလင်္ကာတွင် စာသားအားဖြင့်လည်းကောင်း၊ စကားလုံးအားဖြင့် လည်းကောင်း၊ ကာရန် အာဖြင့်လည်းကောင်း၊ အမှားပါခဲ့လျှင် မေတ္တာစိတ်ဖြင့် ဖြည့်စွက်ပြင်ဆင် ဖတ်တော်မူကြပါရန် မေတ္တာရပ်ခံမှာ အသိပေးထားလိုက်ရပါသတည်း
ခန္ဓာကိုင်တွင် ဉာဏ်မြင်ရှင်းကြပါစေ...
အရှင်နန္ဒိမာဝံသ
ဝေဠုဝန်ကျောင်းတိုက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့။
0 comments:
Post a Comment