Aug 20, 2013

ပဋိစ္စသမုပ္ပါဒ် ပန်းအလင်္ကာ စာ-၂


ဘုရားရှင်ဖေါ်ထုတ်ပြခြင်း

ထိုသို့ပင်ကိုယ်အားဖြင့်ရှိနှင့်ပြီးဖြစ်သော သဘ၀ဓမ္မများကို အမှားအမှန် အကြောင်းအကျိုး
အဆိုးအကောင်း မှန်ကန်စွာခွဲခြား သိမြင်ဖော်ထုတ်ပြသနိုင်ဖို့ရန် (၄)  အသင်္ချေနှင့်
ကမ္ဘာတစ်သိန်း တိုင်တိုင်   ပါရမီအထူးကို ဖြည့်ကျင့်တော်မှုခဲ့ပြီးလျှင် ခဲရာခဲဆစ် ရှာဖွေတော်မှုခဲ့ရ၏

အမှန်အတိုင်းကွဲပြားခြားနားစွာသိတော်မူသော မြတ်စွာဘုရားကား ငါသိလျှင်ပြီးရော့ဟု တကိုယ်ကောင်း စိတ်မထား အများသတ္တ၀ါတို့အားလည်း ဆင်းရဲမှလွတ်၍ ချမ်းသာသုခကို ခံစားစေလိုသည်၊ ထို့ကြောင့် လည်း ဤကားဆင်းရဲမှုတရား ဤကား ဆင်းရဲလွတ်ရာ ဤကား ဆင်းရဲလွတ်ကြောင်း အကျင့် အမှန်တရား ဟူ၍ အိတ်သွန်ဖာမှောက် သင်ကြားပို့ချ သိစေတော်မူခဲ့၏

လောကသုံးပါး၏ ဆရာတစ်ဆူဖြစ်တော်မူသော ဘုရားမြတ်စွာဖော်ပြခဲ့သော သဘာဝဓမ္မစုတို့ကား ပိဋကတ်အားဖြင့် သုံးပုံ၊ ဓမ္မခန္ဓာအားဖြင့် ရှစ်သောင်းလောင်းထောင် စသဖြင့် များမြောင်လှကုန်၏၊ သို့သော်လည်း ၀ိမုတ္တိရသ မျှသာတည်း၊ တနည်းအဖြေ ဆိုသော် အကြောင်းဓမ္မ အကျိုးဓမ္မတို့ပင်တည်း၊ သစ္စာလေးပါး ပင်တည်း စတုသစ္စ ၀ိနိမုတ္တောနာမနတ္ထိ သစာမှလွတ်သောတရားဟူ၍ မရှိပေ။

0 comments:

Post a Comment