Aug 20, 2013

ပဋိစ္စသမုပ္ပါဒ် ပန်းအလင်္ကာ စာ-၁

ပဋိစ္စသမုပ္ပါဒ် ပန်းအလင်္ကာ
အကြောင်းပြ နိဒါန်း
ဘုရားရှင်၏ ကျေးဇူးတော်
ဗုဒ္ဓါ ဒိစ္စေ အနုဂ္ဂတေ၊
ဗုဒ္ဓ စန္ဒေ အနုပ္ပန္နေ
တေသံ သဘာဝ ဓမ္မာနံ
နာမ မတ္တံ န နာယရေ။

မြတ်စွာဘုရားတည်းဟူသော နေမင်း လမင်းကြီးသည် ထွန်းလင်းပွင့်ပေါ်တော်မှုခြင်းမရှိခဲ့ပါမှု ရုပ်ဓမ္မ နာမ်ဓမ္မစသော သဘော သဘာဝဓမ္မတို့ကို အမည်နာမပင် သိဖို့ရာ မလွယ်ကူခဲယဉ်းလှပေ၏ မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်ခဲ့၍သာ ဤကားရုပ် ဤကားနာမ် စသည်ဖြင့် သဘ၀ဓမ္မတို့ကို ခွဲခွဲခြားခြား သိစွမ်းနိုင်ကြ၏ သိခွင့်များစွာ ရကြကုန်၏။

သဘာဝဓမ္မ

သဘာဓမ္မဟူသည် ပင်ကိုယ်အားဖြင့်ရှိနှင့်ပြီးသော တရားပင်တည်း၊ ဤသဘောတရားတို့သည် နတ်၊ လူ၊ ဗြဟ္မာ တန်ခိုးရှင်တို့ တည်ထောင်ထားသော တရားမဟုတ်ကြပေ အကြောင်းတရားတစ်ခု တစ်ခုကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားမျှသာဖြစ်၏ သဘာဝံဓရေတီတိ ဓမ္မော သူသဘောသူဆောင်၍ ဖြစ်နေကြ၏ မည်သူတစ်ဦးတစ်ယောက်မျှ မဖန်ဆင်းကြပေ။


0 comments:

Post a Comment