Aug 23, 2013

ပဋိစ္စသမုပ္ပါဒ် ပန်းအင်္လကာ စာ ၃-၎


ဆရာကျေးဇူးတော်

သဘာဝဓမ္မတရားများစွာကို ဖော်ထုတ်ပြသသွားတော်မူသော လောကဥလျှောင် ဆရာမြတ်စွာဘုရားကား မရှိတော့ပြီ သန္တိသုခဖြစ်သော နိဗ္ဗာန် ချမ်းသာကို ခိုဝင်စံတော်မူခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော် ခဲ့လေပြီဖြစ်၏။ သို့သော်လည်း ဓမ္မများကားအရောင်တ၀င်းဝင်းလင်းလက်ဆဲပင်တည်း။ ထားခဲ့တော်မူသော ဓမ္မခန္ဓာများသည် သတ္တ၀ါတို့အား ဆုံမနေဆဲ လမ်းပြဆဲပင်တည်း။

မြတ်စွာဘုရား၏ ဓမ္မတာဝန်ကို ထမ်းတော်မူကြသော ရဟန်းတော်များကလည်း သင်ကြားပရိယတ်ဝန်ကို လည်းကောင်းကျင့်သုံးခြင်း ပဋိပတ်ဝန်ကို လည်းကောင်း အန္တဓူရ ၀ိပဿနာဓူရ ဟူသော ၀န်တို့ကို ထမ်းဆောင်ကာ ဓမ္မအရောင်များကို ကမ္ဘာတခွင်လင်းလက်အောင် ပြုတော်မူကြ၏ ကျေးဇူးကြီးလှသော သံဃာတော်ရှင်မြတ်တို့ပင်တည်း

စာပြုသူတို့၏ ဆရာကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးသည်လည်း ပရိယတ်၊ ပဋိပတ်ဟူသော ဂန္တဓူရ၊ ၀ိပဿနာဓူရ တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်ခဲ့သော ကျေးဇူးရှင်တစ်ပါး ပင်တည်း။

နှစ်ပေါင်းများစွာ စာချခြင်း၊ စာသင်ခြင်းဟူသော ပရိယတ်ဝန်ကို ထမ်းဆောင်လျှက်မြတ်စွာဘုရား ထားတော်မူခဲ့သော ဓမ္မများကို ဆရာတစဆူပြုတော်မူ၍ မိမိကိုယ်တိုင် ခန္ဓာဉာဏ်ရောက်တရားတော်များကို ကြိုးစားအားထုတ်တော်မူခဲ့၏၊ ထို့ကြောင့်လည်း ပဋိဝေဓအသိတရားရရှိ၍ နိဗ္ဗာန်ချမ်းသာကို ကောင်းစွာ ခံစားတော်မူလေ၏ သာသနာသုံးရပ်ကို ကျေပြွန်စွာထမ်းဆောင်ခဲ့တော်မူသော ရှားရှားပါးပါး ဆရာတစ်ပါးပင်တည်း။

ကျေးဇူးရှင်ဆရာတော်ကြီးသည်ကား မိမိသိတော်မူသောတရားထူးအသိများကို မိမိသိလျှင်ပြီးလျှော့ဟု တစ်ကိုယ်ကောင်းစိတ်မွေးမြူတော် မမူ မိမိကို ဆွမ်း ၊ သင်္ကန်း၊ ကျောင်း၊ ဆေး တို့ထောက်ပံ့ လှူဒါန်းကြသော ဒါယကာ ဒါယိကာမ များအားလည်း သစ္စာတရားလေးပါးတရား၊ အသိထူး၊ ပဋိစ္စသမုပါဒ်တရားတော်တို့ကို သိစေမည်ဟူ၍ ခန္ဓာဝန်ချတော်မူချိန်အထိ ထက်သန်သော သဒ္ဒါ၊ ပညာ၊ ၀ိရိယ တို့ဖြင့် ဟောကြားသိစေတော်မူခဲ့၏၊ အော်.... ဘုရားရှင်၏ တပည့်ပီသပါပေစွ ကျေးဇူးတော်များလည်း ကြီးပါပေစွ။



ကျေးဇူးတော်ရှင် ဆရာတော်ကြီးသည် မိမိ၏ သာဝကများ တရားထူးသိစေလိုသော စေတနာ ခန္ဓာဖြစ်စဉ်ဖြစ်ကြောင်းကို ရှင်းလင်းပြတ်သားစွာ သိစေလိုသော စေတနာ ဆန္ဒ၊ နိဗ္ဗာန်ကို အမြန်ရောက်စေလိုသော အာသာတော်တို့ဖြင့် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကို တီထွင်ပုံဖော်တော်မူခဲ့၏

ဆရာတော်ကား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံတည်ထွင်တော်မူရာတွင် ယထာစက္ကမိဝ ဟူသော ဘုရားစကားတော် အလေးဂရုပြုတော်မူ၍ ရထားလှည်းဘီးပုံသဏ္ဍန်တည်ထွင်တော်မူ၏
လှည်းဘီးတစ်ခုတွင်
၁။ ပုံတောင်း
၂။ ဒေါက်ဆံ
၃။ အကွပ်
၎။ ၀င်ရိုး ဟူ၍ အင်္ဂါလေးပါးရှိ၏ ၎င်းအင်္ဂါရပ်များ ညီညွတ်အောင် (၁) အ၀ိဇ္ဇာနှင့် တဏှာကို ပုံတောင်း သဖွယ်ထား၍လည်းကောင်း သင်္ခါရကို ဒေါက်ဆံ ဇရာ၊ မရဏကို သံပတ်ခွေ အသာဝကို ၀င်ရိုးဟု သူတရားကိုယ်နှင့် ပုံစံကိုက်ညီအောင် ထည့်သွင်းပုံဖေါ်တော်မူခဲ့၏၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂) ပါးကို အကွက် လေးကွက် ထည့်သွင်းဖေါ်ပြထား၏။


0 comments:

Post a Comment