Aug 8, 2012

အသီးတိုင်းလဲ မချိုပါ


တနေ့ စာရေးသူတို့သည် မုံရွာမှကန်းနီသို့ စက်လှေဖြင့်သွားကြသည် ၊ အကြောင်းမှာ ကန်းနီမြို့နယ်
သရက်တောကျေးရွာ၌ ပဌာန်းပွဲသို့ သွားကြခြင်းဖြစ်ပါသည်။

လမ်းခရီးကာ ချင်းတွင်းမြစ်ကိုဖြတ်၍ သွားရ၏ ၊ ထိုထဲ၌ အင်မတန် စကားများသောသူ တစ်ဦးပါလာသည် ။
ထိုသူတစ်ယောက်တည်းဖြင့် လူများစွာကိုထိမ်းထားနိုင်စွမ်းရှိ၏ ၊ စက်လှေကား နံနက် 83း0 တွင်ထွက်၏
ဆွမ်းချိန်မမှီသောကြောင့် စက်လှေပိုင်ရှင်ကား လှေပေါ်ရှိ သံဃာတော် သုံးလေးပါးကို သူတို့၌ပါလာသော
ဆွမ်းများကို ကပ်လှူလေ၏ ။

ဆွမ်းစားနေစဉ် ထိုစကားအလွန်များသူသည် မရပ်တန့်ပေ ။ လွန်စွာစကားများကို အလွန်ကျယ်သောအသံဖြင့်
ပြောဆိုလေ၏ ၊ ဆွမ်းဘုန်းပေးနေသော သံဃာတော်ထဲမှ အကြီးဆုံးမထေရ်သည် ထိုစကားများသူကို ခတ္တမျှ
ရပ်တန့်ပေးရန်ပြော၏ သို့သော် မည်သို့မျှမရပေ ။

နောက်တော့ မထေရ်ကြီးသည် ထတော်မူပြီး “ဒါယကာ စကားများတယ် ရေငုံထား ဘုန်းတော်ကြီးများ ဆွမ်းသုံးဆောင်ချိန်အတွင်း လုံးဝမထွေးရဘူး ထွေးပစ်လျှင် ဒီကဒုတ်ကိုကြည့်” ဟုပြောပြီး ဆွမ်းပြန်ဘုန်းလေ၏ ဒါယကာသည် မထေရ်ကြီးအား ကြောက်သောကြောင့် ရေကိုမထွေးရဲပဲငုံထားရလေသည်။

ဘုန်းတော်ကြီးများ ဆွမ်းဘုန်းပေးပြီးသော် ၊ ခရီးသည်ထဲမှတစ်ဦးသည် သူ၌ပါလာသော သရက်သီးမှည့်ကို
ဘုန်းတော်ကြီးများအား ကပ်လှူလေ၏ ဘုန်းတော်ကြီးသည် သရက်သီးကို ဘုဉ်းပေးပြီးနောက်
“အသီးများမှည့်က တယ်ချိုသကို” ဟုဆိုလေရာ ၊ စောစောကရေငုံထားသောသူသည် သူ၏ထမင်းဘူးထဲက
ဲငြုပ်သီးတောင့်အမှည့်ကို လျှင်မြန်စွာထုတ်ယူ၍ ရေငုံထားလျှက်ပင် ၊ ငြုပ်သီးတောင့်ကို ဘုန်းတော်ကြီးအားပြပြီး
“အွန် အွန်” ဟုပြောလေသည် ။

အဓိပ္ပာယ်ကား အသီးတိုင်းမချို ၊ ငြုပ်သီးစပ်သည်ဟုပြောလိုရင်းပင်တည်း ။
လူအများကာ ထိုသူ၏လုပ်ကိုင်ပုံကိုကြည့်၍ တဟားဟားပွဲကျသွာ၏ ။
ဘုန်းတော်ကြီးကာ မျက်နှာမဲ့ရွဲ့သွားလေသတည်း ။

0 comments:

Post a Comment