Dec 20, 2015

လမ်​​​လျှောက်​ရခြင်းအကျိုး

လမ်းလျှောက်ရခြင်း၏အကျိုး

      ၁၉.၁၂.၂၀၁၅ -ယနေ့နံနက် တာချီလိတ်မြို့ ပါလျှံ(၂)ရှိ
ကိုမင်းယုနိုင် + မဥမ္မာဝင်းမိသားစုတို့နေအိမ်၌ စတိုဆိုင်သစ်
ဖွင့်ပွဲမှာသံဃာတော်များကိုဖိတ်မန်ပြီးအရုဏ်ဆွမ်းကပ်တာနဲ့
စာရေးသူကိုယ်တိုင်သွားဖြစ်ခဲ့ပါတယ်၊
      အိမ်ရောက်တော့ဆွမ်းကပ်ခါနီးမှာ တာချီလိတ်လူမှုကူညီ
ရေးအဖွဲ့တစ်ခုဖြစ်သော မဈ္ဇိမအဖွဲ့သားများကိုခေါင်ဖြစ်ဖြစ်သော
ကိုတင်ဆွေနှင့်အတူတွေ့ခွင့်ရခဲ့ပါတယ်၊အိမ်ရှင်ဖြစ်သော
ကိုမင်းယုနိုင်တိုမိသာစုအားလုံပင်မဈ္ဇိမအဖွဲ့ဝင်တွေဖြစ်နေ၍ သူ၏အဖွဲ့သားကိုအလှူပွဲသို့ဖိတ်ထားသောကြောင့်လာရောက်
ကြသည်လို့သိရပါတယ်
              မဈ္ဇိမအဖွဲ့သားတွေဟာအဝါရောင်အင်္ကြီတွေဆင်တူ
ဝတ်ထာကြတော့ထူဆန်းတာ ဘာကိစ္စတွေရှိလို့.ညီတူဝတ်စုံတွေဝတ်ကြတာလဲလို့သူတို့က လမ်းလျှောက်ပြန်လာကြတာပြောပါသည်၊ဝေဠုလဲကောင်းတာပေါ့ဟုပြောကာဆိတ်ဆိတ်နေလိုက်
တော့သည် ။
  အမှန်မှာတော့မဈ္ဇိမအဖွဲ့သားများသည် ပြည်သူများ
ကျန်းမာရေးကိုလိုက်စားစေလို၍စည်းရုံသောအားဖြင့်စုပေါင်း၍
လျှောက်ပြဖြင်းဖြစ်ပါသည်။
             ဝေဠုတို့ငယ်စဉ်ကဆိုလျှင် ရပ်ရွာအုပ်ချုပ်ရေးမူက
သူ၏အိမ်မှနေ၍“စောစောအိပ်လို့စောစောထလို့လမ်းလျှောက်
ကြပါစို့" ဆိုသောသီချင်းကိုလှော်စပီကာကြီးဖြင့်ဖွင့်၍ရပ်ရွာနေပြ
ည်သူများကျန်းမာရေးအရလမ်လျှောက်ကြရန်နိုးဆော်တိုက်
တွန်း
ပေးပါသည်၊မြန်မာ့အသံကလဲထိုသီချင်းကိုဖွင့်၍လမ်းလျှောက်
ကြရန်တိုက်တွက်တိုက်တွန်းပေးပါသည်။
       လမ်းလျှောက်ခြင်းသည် ကောင်းပါသည်၊ပြ ည်သူများကျန်းမာသန်စွမ်းမှသာလျှင်မိမိ၏မိသားစုစားဝတ်နေရေး ကျန်းမာရေး
စီပွားရေးစသောအရေးရေးအရာရာများလုပ်နိုင်ကြမည်မဟုတ်ပါ
လော့၊ “ အရောဂျံအရမံလာဘံ" ကျန်းမာခြင်းသည်လာဘ်ကြီး
တစ်ပါးဟုဟောတော်မူခဲ့သည်မဟုတ်ပါလော။
        အင်္ဂုတ္တရနိကယ် ပဉ္စကနိပါတ် ၌ လမ်းလျှောက်သူ၏အကျိုး
တရားများကိုဤသို့
       ရဟန်းတို့စင်္ကြန်လျှောက်ခြင်း၌အကျိုးအာနိသင်တို့သည်
ဤငါးမျိုးတိုပေတည်း ။အဘယ်ငါးမျိုးတိုနည်းဟူမူ .....
၁ ။ ။ခရီးရှည်သွားနိုင်၏
၂ ။ ။ကြိုးစားအားထုတ်နိုင်၏
၃ ။ ။အနာရောဂါကင်း၏
၎ ။ ။စားသောက် ခဲလျက်အပ်သောအစာအာဟာရတိုသည်
ကောင်းစွာကြေကျက်နိုင်၏။
၅ ။ ။စင်္ကြန်လျှောက်ခြင်းဖြင့်ရအပ်သောတည်ကြည်မှု(သမာဓိ)
သည်ကြာမြင့်စွာတည်တံ့နိုင်၏
ရဟန်းတို့ဤသည်တို့ကား စင်္ကြန်လျှောက်ခြင်း၏အာနိသင်ငါး
မျိုးတို့တည်း ဟုမိန်ကြားတော်မူ၏
         ဤသို့လျှင်အကျိုးများစွာဖြစ်ထွန်စေသောလမ်းလျှောက်
ခြင်းကိုမြို့သူမြို့သား တိုင်ပြည်၌နေထိုင်ကြကုန်သောတိုင်
ရင်သားညီအကိုများပြုလုပ်ကြပါရန်တိုက့်တွန်းလိုက့်ရပေတည်း

ဝေဠု
၁၉-၁၂-၂၀၁၅

0 comments:

Post a Comment