Aug 25, 2015

ရင်​ထဲကသံစဉ်

ရင်ထဲကသံစဉ်
.....................

ငါ ...
ခံစားချက်ပြင်းပြင်းနဲ့
အချစ်သီချင်းတွေဆိုဘူးတယ်
ငါ ...
ရင်နာနာနဲ့
အဆွေးကဗျာတွေလဲ ရေးဘူးတယ်
ငါ....
ဖြေဆည်ရာ ရှာရင်းနဲ့
တရားသံဝေလဲယူဘူးတယ်
ငါ..
ငါ မဆိုဘူးတဲ့သီချင်း
ငါ့ ရင်တွင်းမှာ
သံစဉ်လှလှ
တေးသွားလဲကျတယ်
ငါ ဆိုချင်လိုက်တာ
ဝမ်းသာပျော်ရွင်စွာနဲ့ပေါ့
ဆိုကြိမ်မကျ
ဆိုခွင့်က လမ်းစတောင်မမြင်သေဘူး
ဟူး........
သက်ပြင်ရှည်တချက်ဆွဲရင်
ရင်တွင်းက ငြိမ်းချမ်းရေးသံစဉ်
တေး နုယာဉ်ကို
ဆိုခွင့် ဘယ်ချိန်မှာလဲကွယ်...

ဝေဠု

၂၅.၈.၂၀၁၅

0 comments:

Post a Comment