Aug 19, 2013

ပွားများကြည့်ပါဘာဝနာ


ငါတို့ရလာ ဤခန္ဓာ မှန်စွာမမြဲပြီ

ငါတို့ရလာ ဤခန္ဓာ မှန်စွာမမြဲပြီ

ဇာတိစလာ မရဏာ မှန်စွာအဆုံးရှိ

စံတာမမြဲ ခံတာမြဲ၏။

တွဲတာမမြဲ ကွဲတာမြဲ၏

ပျိုတာမမြဲ အိုတာမြဲ၏

မာတာမမြဲ နာတာမြဲ၏

နေတာမမြဲ သေတာမြဲ၏

လွဲရ ကွဲရ ခံရဒုက္ခာ အနိစ္စာနှင့် ပိုင်ရာမရှိ

အတိအနတ္တာ မှန်လှစွာ၏ လောကာဓမ္မ သဘာဝမို့

ဗုဒ္ဓမြတ်စွာ စိန္တေယျာလည်း ရှောင်ရာမရ သန္ဒိဌကို

မုချမှန်စွာ ငါတို့မှာလည်း ဘယ်ခါတနေ့

ရှောင်မကွေပြီ တနေ့သေရမှာပါတကား။


ဝေဠုဝန် မဂ္ဂင်ရိပ်ဆရာတော်

0 comments:

Post a Comment