Aug 20, 2012

အာယုဒါန

ဝေဠုဝန်စေတနာရှင်များအခမဲ့ ဆေးကုခန်း


ဤဆေးကုခန်းကို တာချီလိတ်မြို့ ပါလျှံ(၁)လမ်းပေါ်မှာ ၁၄.၅.၂၀၁၂.နေ့
ကစပြီးတော့ဖွင်ထားပါတယ်။ ဆေးခန်းလေးဖြစ်ပေါ်လာရပုံကတော့ သင်္ကြန်မတိုင်ခင်လေးမှာ ကိုမြင့်နိုင်နှင့် သူ့ဇနီးဒေါက်တာ
မခင်မြင့်သူဇာ တို့နှစ်ဦးဘုန်ကြီးထံရောက်လာကြတယ်။

ကိုမြင့်ဇော်က သူရတဲ့လုပ်အားခကို ချို့တဲ့နေကြသူများအတွက် အခမဲ့ဆေးကုသပေးနိုင်ဘို့ကို ရည်ရွယ်ပြီး ဆေးပဒေသာပင်လုပ်ထားတယ် လို့ပြောပါတယ်။

ဒါနဲ့..ဆေးကုပေးမည့်ဆရာဝန်ရော ရှိပြီလာ လို့မေးတော့ တပည့်တော်ဇနီးက ဆရာဝန်ပါဘုရားလို့ပြောပါတယ်။

ဒါဆိုရင်ပြည့်စုံနေပြီပဲ ဘာအခက်အခဲရှိနေတာလဲ လို့မေးပါတယ်

ဒီတော့ နေရာပါပဲဘုရား လို့ ကိုမြင့်ဇော်ကပြောတော့ ဘုန်းကြီးပဲနေရာရှာပေးမယ်

ဒေါက်တာခင်မြင့်သူဇာက ပညာလှူ ယ္ခုလောလောဆယ်ဆယ် ကိုမြင့်နိုင်ကဆေးစိုက်
ဘုန်ကြီးနေရာစိုက်မယ် လို့ပြောပြီး အခမဲ့ဆေးကုခန်းဖွင့်ဘို့ စီစဉ်ကြတယ်။
ဆေးခန်းဖွင့်မယ်ဆိုတော့ နေရာရှာရပါတော့တယ် အစကတော့ မိမိကျောင်းတိုက်ထဲက
လာဘသိဒ္ဒိကျောင်းဆောင်ကို ဆေးခန်းအဖြစ်နေရာပေးဘို့စဉ်းစားပါတယ်။

ဒါပေမယ့် ဆေးကုပေးမှာက လူမျိုးမရွေး ဘာသာမရွေးကုပေးချင်တာဆိုတော့
ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဆိုလျှင် အခြားဘာသာဝင်တွေ မ၀င်ရဲ မထွက်ရဲဖြစ်မှာစိုးတာနဲ့
ယ္ခုဆေးခန်းဖွင့်ထာတဲ့နေရာ တစ်လလျှင်(၃၅၀၀)ဘတ်နှင့်ငှါးပြီး ဖွင့်ဖြစ်ပါတော့တယ်။

ယ္ခုဆေးခန်ဖွင့်ထားတော့ အခက်ခဲတွေကရှိနေတယ် ဆရာဝန်ကို ကြို/ပို့ရေးနှင့် ဆရာဝန်အကူသူနာပြု
ပြီးတော့ ဆေးအလှူရှင်တွေပေါ့ အာယုဒါန အနေနဲ့ ယ္ခုအချိန်ထိရန်ပုံငွေဆိုတာမရှိပါဘူး၊

စေတနာရှင်များလာလှူတဲ့ဆေးများနဲ့ အခန်းငှါးအတွက် ဝေဠုဝန်ကျောင်းမှ စိုက်ထုက်ပြီးတော့
ချို့တဲ့နေတဲ့ပြည်သူတွေ အကျိုးငဲ့ပြီးတော့လုပ်ဆောင်နေတာပါ။

ရန်ပုံငွေတွေ အဖွဲ့အစည်းတွေလဲမရှိတော့ ဆရာဝန်ကြို/ပို့ မလုပ်ပေး နိုင်တာရယ်၊
ဆရာဝန်အကူမငှါးပေးနိုင်တာရယ်တော့ စိတ်မကောင်းဖြစ်ရပါတယ်။

စေတနာရှင်တွေ ပေါ်လာရင်တော့ဖြစ်လာမှာပါလို့ပဲ မျှော်လင့်နေရတာပါပဲ ။

တနေ့ဆေးကုသခံတဲ့လူနာတွေဟာပျဉ်းမျှနှုန်း(၁၀)ယောက်နှင့်(၂၀)ကြားမှာရှိနေပါတယ်။
ချို့တဲ့လူအများအတွက် ဖွင့်ပေးထာတဲ့ ဤဆေးခန်းလေးအားကြာရှည်စွာ တည်တန့်နိုင်အောင်
ဝိုင်ဝန်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မှတ်ချက်။ ။အသေးစိပ် သိလိုပါလျှင် တာချီလိတ်မြို့ပါလျှံ(၁)၊အာယုဒါနဆေးခန်းသို့လည်းကောင်း ၊
တာချီလိတ်မြို့၊ပါလျှံ(၂)ဝေဠုဝန်ကျောင်းတိုက်သို့လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။


(wailuwan@gmail.com တွင်လည်း စာရေးသားပေးပို့နိုင်ပါသည် ။)

0 comments:

Post a Comment