Jul 27, 2015

ခေါင်းကြိန်းတာ​လေး​ပျောက်​သွားအောင်

ခေါင်ကြိန်းတာလေးပျောက်သွားအောင်

အလုပ်မှန်သမျှသည် မိမိကြွမ်ကျင်လိမ္မာသောအလုပ်ကို တာဝန်ယူ လပ်ဆောင်
ခြင်းကပို၍ကောင်းသလို၊ အလုပ်လုပ်ရာ၌လည်းမြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်ပြီး
အောင်မြင်မှုလည်းမြန်ဆန်ပေသည်။
   ဝေဠုကားတရားဟောခြင်း တရားပြခြင်း စာသင်စာချကိုသာအားသန်းသလို ထိုလုပ်
ငန်းအသီးသီး၌လည်း အောင်မြင်မှုများစွားလည်းရရှိခဲ့ပေသည်။ အလယ့်ကြောင်ပါနည်း
ကြွမ်ကျင်လိမ္မာသောကြောင့်ဖြစ်ပါသည်။ ယ္ခုအခါတွင်  ယ္ခုအခါတွင်ဆိုပေမယ့် ၂၅.၇.၂၀၁၅
ရက်စနေနေ့ နေ့  ၁း၀၀ နာရီအချိန်က ရန်အောင်မြေဘုရားကြီးကျောင်းတိုက်တွင် ကျင်း
ပပြုလုပ်သော တာချီလိတ်မြိုနယ်လုံးဆိုင်ရာဓမ္မစကူလ်ကျောင်းတော် တွေ့ဆုံအစည်း
ဝေးကြီး၌ လိုအပ်ချက်အရ တာချီလိတ်မြိုနယ် ဓမ္မစကုလ်ကျောင်းတော်များရေရှည်
တည်တံ့ပြန်းပွားတိုးတက်ရေးအထောက်အကူပြု အဖွဲ့ ဖွဲ့စည်း၍အဖွဲ့ဧ။် ဥက္ကဋ္ဌတာ
ဝန်ပေးကြသည်။အာလုံးသဘောတူညီထောက်ခံပေးကြမယ့် ဝေဠု လုပ်နေကြအလုပ်
မဟုတ် ငြင်း၍လည်းမရ အားလုံးကလိုအပ်လိုတာဝန်ပေးခြင်းခံရပေမယ့် ဂဏ်ယူစရာ
ဟုထင်းစရာပင် ဝေဠု ဂုဏ်မယူနိုင်ပါ ။ပရဟိတအသင်းတခုဧ။်ကြီးမာသောနေရာကို
ယူရခြင်းမည်မျှပင်အလုပ်ကောင်းကောင်းကဲရဲ့ခြင်းကမလွတ်ပေ
       ဤကဲ့သို့သောအသင်းကလည်းတာချီလိတ်၌ရှိနေရမည်ကတော့အမှန်ပင်ဖြစ်သည်လိုအပ်သောအသင်လည်းဖြစ်သည်။လိုအပ်ချက်များစွာရှိနေသောအသင်ကိုခေါင်ဆောင်ရမည့်ဝေဠု
မည်မျှစိတ်လုပ်ရှာရသနည်း။ မည်မျှခေါင်ကြိန်းသနည်းဝေဠုသာသိသည်။:)
    ဝေဠုအသင်းအဖွဲ့ကိုကျောက်ဧ။် အဘယ်ကြောင့်ဆိုသော်စကားများစွာပြောရသောကြောင့်
ပင်ဖြစ်သည်။ ဝေဠုကားတရားသာဟောတတ်သည် စကားကြတော့သူတပါးနားဝင်မချို
စာသာချတတ်သည် စည်ရုံးရေးကြတောဝေဠုတစ်ယောက်ထည်းပင်နှစ်ခြမ်းကွဲးနေသည်
ဤကဲ့သို့သောအရည်အချင်းဖြင့်ဤအဖွဲ့ကိုခေါင်းဆောင်မှုပေးရမည်ဆိုကတည်းကပင်
ဝေဠုခေါင်းမကြီန်းပဲရှိပါမည်နည်း စိတ်လုပ်ရှားမှုမဖြစ်ပဲးရှိမည်နည်း။ တိုင်ပြည်အုပ်ချုပ်သမတ
အလုပ်ကမှ လွတ်တော် ဥပဒေရေးဆွဲ စီမံကိန်ဌာနစီမံကိန်ရေးဆွဲ  ပြီးသာကိုအကောင်
အထည်ဖော်ရသည်။ အကောင်အထည်ဖော်ဘို့လည်းငွေကျေးအလုံအလောက်ရှိပြီး
ဖြစ်သည်။ယ္ခုဝေဠုတို့ဧ။်အဖွဲ့မှာ ရန်ပုံငွေဆိုတာနတ္ထိ ဘာမျှမရှိ ရုံးသုံးစရာဘောပင်
တစ်ချောင်တောင်ဝယ်နိုင်ဘို့တောင်မရှိသည့်အသင်ကိုမည်သို့ဦးဆောင်သွားရမည်နည်း
     အသင်းဧ။်ရည်ရွယ်ချက်ကား တာချီလိတ်မြိုနယ်ဖွင့်လစ်သင်ကြာသောဓမ္မစကူလ်
ကျောင်တော်များကို
  ၁။ ။သင်ရိုးညွန်းတန်စာအုပ်များအခမဲ့ထောက်ပံ့နိုင်ရေ
  ၂။ ။သင်ကြာရေးဆရာဆရာများထောက်ပံ့ကူညီနိုင်ရေ
  ၃။ ။သင်ကြာရေးဆရာမျာပေါ်ပေါက်လာရေး
  ၄။ ။သင်ကြာပြီးမြောက်ကြောင်လက်မှတ်များ တချိန်တည်း တနေရာတည်းမှာစုပေါင်း
       ပေအပ်နိုင်
၅။ ။ ကျောင်းတိုင်ဧ။်လိုအပ်ချက်ကိုဖြည်ဆည်ပေနိုင်ရေ
၇။ ။သင်ကြားခြင် သင်ယူခြင် စသည်ကိုမှတ်တန်းတင်ထားရှိရေး  စသည့်အချက်အလက်များပါဝင်နေပေသည်း ။
    ယ္ခုအချိန် တာချီလိတ်မြိုနယ်တွင်သင်ကြာနေကျောင်းမျာမှာ --
၁။ ။ သီရိမင်္ဂလာဆန်ဆိုင်ကျောင်
၂။ ။တောင်တန်းသာသနာပြုဗဟိုလ်ကျောင်း
၃။ ။အ ထ က မကာအိုခမ်းကျောင်း
၎။ ။ရွှေပြည်သာကျောင်း (အ ထ က  မကာအိုခမ်း၌ပင်သင်သည်)
၅။ ။ပရဟိတ အောင်မင်္ဂလာကျောင်း
၆။ ။ပရဟိတ ရွှေတောင်တန်းကျောင်း
၇။ ။ရန်အောင်မြေ ဘုရာကြီးကျောင်း
၈။ ။သာသနာ့ဝေပုလ္လအလိုတော်ပြည့်ကျောင်း
၉။ ။သာသနာ့ဝေပုလ္လ လွမ်းမွန်းတောရကျောင်း
၁၀။ ။နောင်ခမ်းအောင်ဆုပန် ဘက ကျောင်း
၁၁။ ။ဝေဠုဝန်ဌာ အ ထ က ဟောင်လိတ်ကျောင်း
၁၂။ ။ဝမ်မိုင် အ မ က ကျောင်း
၁၃။ ။လေယာဉ်ကွင်ကျောင်း
၁၅။ ။မယ်ရမ်း မစိုရိမ်ကျောင်း
၁၆။ ။တာလေကျောင်း
၁၇။ ။မယ်ဆိုင် (ထိုင်နိုင်ငံ) ဟူ၍ (၁၇)ဌာရှိပါသည်။
ဌာနတစ်ခုစီတွင်သင်ကြာနေသော အတန်ကားယ္ခုအချိန်ထိ ဂရိတ်(1)မှဂရိတ်
(5)အထိ ငါခုစီရှိပါသည်။အတန်း တစ်တန်းစီတွင်ကျောင်းသားဦးရေဖြန်မျှ (၄၀)
ရှိသောကြောင့်။(၁၇)ဌာတွင်ကျောင်းသာဦးရေ ၃၄၀၀ ရှိပါသည်။
      ကျောင်းသားကိုင်စာအုပ်မှာ ရန်ကုန်ဝယ်ဈေးပင် ကျပ်  ၁၂၀၀ ရှိ၍ သယ်ယူစရိတ်
နှင့်ဆိုလျှင် တအုပ်ချင်စီပင် ၁၇၀၀ လောက်ရှိနေသည်။ဌာနအားလုံအတွက်
ကျောင်းသားကိုင်စာအုပ်ဖိုးပင် ကျပ်သိန်းပေါင်း  ၅.၇၈၀.၀၀၀ ကုန်ကျမည်ဖြစ်ဧ။်
ဆရာများအားထောက်ပံ့ရန်အတွက်နှင်ဆို တနှစ်ရံပုံငွေ သိန် ၈၀ ဝန်ကျင်ရှိနေမှပင်
ဖြစ်ပေမည်။
  ဤကဲ့သို့လိုအပ်ချက်ပေါင်းများစွာရှိနေသာအသင်းကိုစတင်အကောင်အထည်ဖော်
ရမည်ဆိုကတည်းက ဝေဠုခေါင်းကြိးခဲ့သည်မှာဘာပြောစရာရှိပါတော့မည်း။ခေါင်း
ကြိန်းပျောက်အောင်ညတိုင်းခေါင်းရေဖြန်းအိပ်နေရသည်။ဤဆောင်ပါးကို(ဝါ)ဤပို့စ်ကို
ဖတ်မိသော f b ပရိသတ်များဝေဠုတို့ခေါင်ကြိန်းသက်သာအောင်တာချီလိတ်မြိုနယ်
ဓမ္မစကူလ်းကျောင်းတော်များရေရှည်တည်တန့်ပြန့်ပွားတိုတက်ဖွံ့ဖြိုးရေးအထောက်
အကူပြုအဖွဲ့သို့ မိမိတိုသဒ္ဓါတရားရှိသလောက်ပါဝင်လှူဒါန်းကြပါရန်နိုးဆော်တုက်တွန်း
လိုက်ပါသည်

လှူဒါန်းရန်ဌာနများ
တာချီလိတ်မြို့ရှိ
ရုံးတည်ရာ ရန်အောင်မြေဘုရားကြီးကျောင်း ပါလျှံ(၁) ဖုန်း  ၄၂၈၂၁၁၇၁၁
ဝေဠုဝန်ကျောင်း  ပါလျှံ(၂) ဖုန်း ၀၉၅၂၄၂၄၁၀
နောင်ခမ်းအောင်ဆုပန်ကျောင်း  ပါလျှံ (၂)
သာသနာ့ဝေပုလ္လအလိုတော်ပြည့်ကျောင်း ပါလျှံ(၁)
နဂါရုံကျောင်း  လွယ်တော်ခမ်းရပ်

ဝေဠု
၂၆-၇-၂၀၁၅

0 comments:

Post a Comment