ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို ပါလျှံ(၂) ၌ဝေဠုဝန်ကျောင်းတိုက်ကို
၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှာ ဝေဠုဝန်ဆရာတော်မှစတင်၍တည်ထောင်ခဲ့သည်အချိန်မှစ၍ ၂၀၁၄ ယ္ခုနှစ်တိုင်အောင် လစဉ်(၁၀)ရက်တစ်ကြိမ်
တရားစခမ်းဖွင့်ခြင်း ဝါတွင်းကာလတွင် ရက်ပေါင်း(၉၀)တရားစခန်းဖွင့်ပေးခြင်း
များကိုပြုလုပ်ခဲ့သည်မှာ (၉)နှစ်ရာသီတိုင်ခဲ့ပါပြီ။
တရားဓမ္မများကိုဝေဠုဝန်ဆရာတောာ်ကိုယ်တိုင်ဟောကြာပြသပေပြီး
ဝါတွင်ကာလတွင် ကျောင်းနေရဟန်တော်များ တရားဟောပြောခြင်းအလေ့
အကျင့်ဖြစ်စေရန်တစ်ပါးတစိလှည့်ကျဟောပြောစေခဲ့ပါသည်။
တပည့်ဒါယကားများကိုမိမိကြိုက်နှစ်သက်ရာဆရာတော်မျာပင့်ဆောင်၍တရားခန်းဖွင့်နိုင်သည်လို့ ဆရာတော်မှမိန့်ကြားထားသော်လည်း ယခုအချိန်ထိတော့ပင့်ဆောင်၍တရားစခန်းဖွင့်ကြသူမပေါ်လာသေး၍ဆရာတော်ကိုယ်တိုင်သာဟောကြားပြသလျှက်ရှိနေပါသေသည်။
၂၀၁၄ ယ္ခုနှစ်ဝါတွင်ကာလအစပိုင်မှာ ယောဂီတစ်ရာကျော်ရှိပြီး ပြီဆုံးအောင်
နေကြသောယောဂီများမှာ ငါးဆယ်ကျော်ကျော်သာကျန့်ခဲ့သည်။ တရားအလုပ်ကို
တကယ်လုပ်ချင်ကြသော်လည်းပါရမီကာလိုသေသည်။ သဒ္ဓါတရားထက်သန်သူတို့
ဝါတွင်းရက်(၉၀)ပြည့်အောင်နေနိုင်ကြပေသည်။ တရားအလုပ်သည် ကောင်း ပါသည်၊ကောင်းသောအရာကိုလူတိုသည့်မည်မျှကြာကြာသုံးဆောင်နိုင်အံ့နည်။
ဤမျှလောက်ကြိုးစာကြသည်ကိုပင် သာသနာအတွက်အားတက်ရပေသည်။
၂၀၁၄ ခုနှစ် ဝါတွင်းကာလရက်ပေါင်(၉၀)တရားစခန်းကားအဘယ်သို့ဆိုစေအောင်မြင်အောင်တော့ဖွင့်လစ်နိုင်ခဲ့ပါသည်။ ဤကဲ့သို့ အောင်မြင်အောင် အဖက်ဖက်မှအာပေးကူညီလှူဒါန်းကြသော ကျောင်းဒါယကာများ ဆွမ်း ရေ မီး ဆေး စသောအလှူရှင်များအာလုံး အကျွန်ုပ်တို့ဝေဠုဝန်ကျောင်းတိုက်မှ ဝမ်းမြောက်ဝမ်းသာ ကျေဇူးတင်ဂုဏ်ပြုအပ်သည်။ ရက် ၉၀ တရာစခန်ဖွင့်ရသော ကုသိုလ်အဖို့ကို
လည်းမိတ်ဆွေအပေါင်းတို့အားအမျှပေးဝေပါတယ် သာဓုခေါ်ဆိုကုသိုလ်ယူတော်မူကြပါဗျာ
ကုသိုလ်အမျှ အမျှ အမျှယူတော်မူကြပါကုန်လော
ဝေဠု
0 comments:
Post a Comment