Aug 31, 2014
မိုးသဲထဲကအလှူတစ်​ခု
                   မိုးသဲထဲကအလှူတစ်​ခု
ည​နေ ၄း၀၀နာရီအထိမတိတ်​နိုင်​ မစဲနိုင်​​ပေ ​ဝေဠုတို့ဒီ​နေ့မှာ တာ​လေမြို့ ကြာ​ရှော
ရွာ အ​ခြေခံမူလတန်း​ကျောင်းက​လေးဧ။်​ ​ကျောင်း​နေက​လေးတို့ဧ။်​လိုအပ်​ချက်​​တွေ
ဆရာများတို့လိုအပ်​ချက်​​တွေကိုအကုန်းမဟုတ်​​တောင်​ တတ်​နိုင်​သမျှသွားလှူကြဘို့
စီစဉ်​ထားကြပါတယ်​။ မိုးကရွာ​နေ​တော့ အဖွဲ့​တွေ "အဖွဲ့​တွေ"ဆိုလို့လူ​တွေအများ
ကြီး​တော့မထင်​လိုက်​ပါနဲ့ ကချင်​မတစ်​​ယောက်​ ဗမာတစ်​​ယောက်​ ရှမ်း​ယောက်​ ​ဝေဠုတစ်​​ယောက်​ ပြီး​တော့ရှိ​သေး ​ဝေဠုတို့ရဲ့ယာဉ်​​ကျေးမှုနည်​ပြဓမ္မစကူလ်​ဆရာ
မတို့အဖွဲ့ ဟဲဟဲ ​ဝေဠုတို့အဖွဲ့ ​တောင့်​တင်း​ကြောင်းကြွားပြ​နေတာနဲ့လိုရင်​​တောင်
မ​ရောက်​​တော့ဘူးဖြစ်​​နေတယ်​ ။
ဘက်​ကထွက်​ခဲ့ကြတယ်​။ ခင်​ထာရီကုန်​စုံဆိုင်​က M150 တစ်​ဖာဝယ်​ပြီးဆက်​သွားတယ်​မီမီတို့ကားက​ဈေဝယ်​​နေတုံမှီလာတာနဲ့ သူတိုဆီဖြည့်​မယ်​​ပြောပြီ​ရှေ့ထွက်​သွားကြတယ်​ ၊သူတို့ချစ်​ကြည်​ဆီပန့်​မှာဆီဖြည့်​ပြီး​စောင့်​​နေကြတယ်​။ဝေဠုတို့သူတို့ကားကိုမမြင်​​တော့သူတို့​နောက်​မှီ​အောင်​အတင်း​မောင်​တယ်​​တောင်​သုံးလုံးထိ​ရောက်​သွားတယ်​​နောက်​ဖုန်းဝင်​လာ သူတိုချစ်​ကြည်​​ရေဆီပန့်​မှာပဲဆို​တော့ရပ်​​စောင့်​ကြရပြန်​တယ်​ ဘယ်​​လောက်​အချိတ်​အဆက်​မိလိုက်​သလဲ လွဲးတာ​တွေ လွဲးတာ​တွေ​လေ--
       မီမီတို့ကကားမှီလာ​တော့သူတိုကို​ရှေ့ကသွားခိုင်းလိုက်​တယ် ဒီမှာတခါ
လွဲပြန်​ပြီ သူတို့ကားရော ပစ္စည်း​တွေတင်​လာတဲ့ကား​ရောအာလုံး​မောင်​ထွက်​သွား
တော့​ဝေဠုတို့စီတဲ့ကားကဘက်​ထရီချာချင်​မ၀င်​ပဲဘက်​ထရီ​ဒေါင်းသွာပြန်​​ရော့
ကောင်းကြ​ရော့ အရပ်​ကတို့​ရေး မီးမီးတို့ကားက​ရှေ့ကသွားလိုက်​ကြတာရွာအထိ
ပါပဲေ​တာင်​​ပေါ်တက်​ပြီးဖုန်​ဆက်​ရပြန်​တယ်​ "ကားဘက်​ထရီ​ဒေါင်း​နေပြီပစ္စည်​တင်
တဲ့ကားပြန်​လာ​ပေါ့"​နောက်​ထပ်​တစ်​နာရီ​လောက်​ကြ​တော့​ရောက်​လာပြီးဘက်​ထရီ
အကူ​ထောက်​နိုး​တော့နိုးလို့ရသွားတယ်​။ဘယ်​​လောက်​ပဲခက်​ခဲး​ရောက်​​အောင်​​တော့
သွားလိုက်​ကြတယ်​။၄၅ မိတာ​မောင်​ရတဲ့လမ်း နှစ်​နာရီ​ကျော်​သွားတယ်​ဗျာ။
     ကြာ​ရှောရွာ အ မ က​ ​ကျောင်းလဲ​ရောက်​​ရော့မီးမီးတို့ပြန်​သွားနှင့်​ကြပြန်​ပြီ
လွဲးပြန်​ပြီတခါ ၊ မိုးကလဲသဲသဲ အလွှဲးလွှဲး​တွေနဲ့ပဲ ပညာဒါနအလှူ​လေး​တော့
လှူဖြစ်​ကြပါတယ်​ ။ ဒီ​ကျောင်း​လေးမှာက​ကျောင်းဆရာကတစ်​​ယောက်​၊ဆရာမ
တွေက​လေး​ယောက်​ ​ပေါင်းဆရာ ဆရာမ ငါး​ယောက်​နဲ့ ​ကျောင်းသား​ကျောင်​သူ
တစ်​ရာ့တစ်​ဆယ့်​ရှစ်​​(၁၁၈)​ယောက်​ရှိကြပါတယ်​။
အခြားအဖွဲ့​တွေလိုမျာများစားစားလှူနိုင်​တာ​တော့မဟုတ်​ဘူး​ပေါ့ဝါသနာ ​စေတနာ
အရင်းခံ​ကြောင့်​သာသွားလှူကြတာပါ။ဆရာ ဆရာမ​တွေက​ဝေဠုတို့ကိုဝမ်းသာအား
ရစွာကြိုဆိုကြပါတယ်​။ ​ကျောင်းသူ​ကျောင်းသားတို့ရဲ့ "မင်္ဂလာပါ"လို့ပြိုင်​တူနုတ်​ဆက်​ကြတဲ့အသံဟာ ခက်​ခဲစွာလာခဲ့ရတဲ့ပင်​ပန်​မှု​တွေကိုယူပစ်​လိုက်​သလိုပါပဲ
သူတို့​တွေရဲ့​ပျော်​ရွင်​မှုအပြုံးပန်း​လေး​တွေနန်းခွင့်​ရကြ​ဝေဠုတို့မှာလန်းဆန်းတက်
ကြွခဲ့ရပါတယ်​။
သွားတိုက်​​ဆေး သွားတိုက်​တန်​ ပဲနို့​ရေ ကိတ်​မုန့်​ ​တွေကို​ကျောင်းသား ​ကျောင်​သူ
တွေအတွက်​​ပေးလှူးပြီး။ငါး​သေတ္တာ သွားတိုက်​​ဆေး သွားတိုက်​တန်​ ဆပ်​ပြာ ​ခေါင်း
လျှော်​ရည်​ ​ဘောပင်​ M 150 စတာ​တွေကို​တော့ဆရာ ဆရာမများကိုလှူပေးခဲ့
ပါတယ်။ဝေဠုတို့ရဲ့ပညာဒါနအလှူ​လေးက​တော့မိုးကသဲသဲ အလွဲးလွဲး​တွေကြားက​ပျော်​ရွင်​စရာမ​မေ့နိုင်​စရာအဖြစ်​နဲ့ပြီးမြောက်​​အောင်​မြင်​ခဲ့ပါ​လေ​တောဧ။်​ ----
ဝေဠု
0 comments:
Post a Comment