Aug 12, 2014
ဤသို့ဖြစ်​သင့်​သလာ ?
ဤသို့ဖြစ်​သင့်​သလား ?
    ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း တာချီလိတ်​မြို့ ဆန်​ဆိုင်းရပ်​၌တည်​ရှိ​သော သီရိမင်္ဂလာ
ဆန်​ဆိုင်းတိုင်း​ကျောင်းတိုက်​ဆရာ​တော်​ဦးနရိန္ဒ နှင့်​ ဦပညာသီရိ တို့ကိုရှမ်းပြည်​နယ်
သံဃာ့နာယက အဖွဲ့မှ အရပ်​ဘက်​တရားရုံး၌ မှုရင်​ဆိုင်​​ဖြေရှင်းရန်​လူဝတ်​လှဲး​စေခဲ့
ပြီး​နောက်​တွင်​ ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်းသံဃာ့သမဂ္ဂအဖွဲ့မှ ၇၊ ၈၊ ၂၀၁၄ ​နေ့စွဲဖြင့်
၎င်းဆန်​ဆိုင်း​ကျောင်းတိုက်​မှဆက်​လက်​သီတင်းသုံး​နေ​သော ရဟန်းသာမ​ဏေ
အပါး(၂၀) ကို ၁၀၊ ၈ ၊၂၀၁၄ ၊​နေ့​နောက်​ဆုံးထားဖယ်​ရှား​ပေရန်​ညွန်​ကြားချက်
ပေးပို့ခဲ့ကြသည်​။ ထွက်​ခွါလိုခြင်းမရှိကြ​သောရဟန်း​တော်​များကိုအတင်းဆွဲးထုက်
၍ ညွန်​ကြားလွှာမှာပါ​သော​ကျောင်းများသို့ပို​ သမဂ္ဂအဖွဲ့ဝင်​​ရဟန်း​တော်​များပြုလုပ်
ခဲ့ကြသည်​ဟုမျက်​မြင်​သူတဦးဖုန်​ဆက်​၍​ပြောကြားပါသည်​။
    ဤသို့ပြုလုပ်​ခြင်းသည်​ဖြစ်​သင့်​ပါသလားဆိုတာစဉ်းစရာဖြစ်​ပါသည်​။ အဘယ့်​​ကြောင့်​ဆို​သော်​ သံဃာ့နာယကအဆင့်​ဆင့်​ကပြုလုပ်​ရမည့်​တာဝန်​​ကျော်​လွန်​၍ပြု
လုပ်​ခြင်းဖြစ်​​သော​ကြောင့်​ဖြစ်​ပါသည်​။ဤသို​ကျော်​လွန်​၍လုပ်​ရဲ သည်​ဆိုလျင်​ ဤ
သံဃာ့သမဂ္ဂသည်​ သံဃာ့နာယကအဆင့်​ဆင့်​အပ်ါသြဇာကြီမားမှု့ရှိ​နေ​သော​ကြေင့်
သာဖြစ်​ရ​ပေမည်​။မှန်​​ပေလိမ့်​မည်​ ဤအဖွဲကပြုလုပ်​​သော လုပ်​​ဆောင်​ချက်​ကို
သံဃာ့နာယကအဆင့်​ဆင့်​က တားမြစ်​ခြင်း အ​ရေးယူခြင်းမရှိခြင်းကပင်​လျှင်​ ဤအဖွဲဧ။်​သြဇာသက်​​ရောက်​မှုကို​ဖော်​ပြ​နေ​ပေသည်​ဖြစ်​ဧ။်​ ။ဤသို့ဖြစ်​​နေခြင်း​ကြောင့်​ပင်​လျှင်​တာချီလိတ်​မြို့၌ဖြစ်​​ပေါ်လာသမျှသာသနာကိစ္စအ၀၀တိုသည်​သံဃာ့နာယက​ဖြေရှင်း
ပေနိုင်​ခြင်းမရှိခြဲ့က​ပေ။ဤကဲ့သို့ဆက်​၍ဆက်​၍ ဖြစ်​​နေလျှင်​ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း
၌သီတင်းသုံး​နေကြ​သောရဟန်း​တော်​တိုအ​နေဖြင့်​ ဖြစ်​​ပေါ်လာ​သောကိစ္စကြီးငယ်
အသွယ်​သွယ်​တို့အတွက်​သံဃာ့နာယကအဖွဲ့သည်​ လုံးဝအာကိုးပြုရ​သောအဖွဲ့မ
ဟုတ်​​ကြောင်းထင်​ရှား​နေပသည်​။
ဝန်​ရှိ​သော သံဃာ့နာယကအဖွဲ့သို့ဤသို့လုပ်​​ဆောင်​​ပေးရန်​တိုက်​တွန်​ပြီး သံဃာ့
နာယအဖွဲ့ကသာလျှင်​လုပ်​​ဆောင်​သင့်​သည်​ဟုမြင်​မိ၍သာတင်​ပြခြင်​ဖြစ်​ပါသည်​။
သံဃာ့သမဂ္ဂအဖွဲ့ သံဃာ့နာယကအဖွဲ့တိုကို​စော်​ကား ပုတ်​ခတ်​လို၍ တင်​ပြခြင်း
မဟုတ်​ပါ​ကြောင်​ တင်​ပြအပ်​ပါသည်​။
0 comments:
Post a Comment