ဒေါက်တာဝင်းဇော်သိချင်သော
မရဏာသန္နဇော
ကိုဝင်းဇော် မရဏာသန္နဇောဆိုတာ
သေခါနီးစောသောအေဇာ(အရှိန်အဟုန်)ကိုမရဏာသန္နဇောလိုပြောတာပါ ဇောဆိုတာကုသိုလ် အကုသိုလ်စိတ်စေတနာကိုပြောတာပါ
ဒီဇောစိတိတွေဟာကျန်းမာရေးကောင်းနေတဲ့အချိန်မှာတခါဖြစ်လိုက်လျှင်(7)
ကြိမ်ဆက်တိုက်ဖြစ်လိုက်တယ် သေခါနီးကြတော့ခန္ခာကိုယ်မှာအင်အား
မရှိတောလို့(7)ကြိမ်မဖြစ်နိုင်ပဲ(5)ကြိမ်ပဲ
ဖြစ်နိုင်တော့တယ် ဒါကိုမရဏာသန္န
ဇောလို့ပြောတာပါ ကုသိုလ်ကိုသတိ
ရလိုက်လျှင်ကုသိုလ်စိတ်ချည်းပဲ(5)
ကြိမ် အကုသိုလ်ကိုသတိရလိုက်လျှင်
အကုသိုလ်စတ်ကြီးပဲ(5)ကြိမ်းဆက်
တိုက်ဖြစ်နေကြပါတယ် ဇောဆိုတဲ့အ
တိုင်းပဲဖြစ်လိုက်လျှင်အမတန်လျှင်မြန်
ပါတယ် ဒါကိုပဲကမ္မနိမိတ်ထင်တယ်လို့
ပြောတာပါ ဇောစိတ်တွေဟာကုသိုလ်
စိတ်ပဲအဖြစ်များနေလျှင်ဖြစ်ရမည့်ဘဝ
နိမိတ်လို့ဆိုတဲ့ဂတိနိမိတ်တွေဟာ ကောင်းဘ၀နိမိတ်တွေထင်လာပါတယ်
ဦးပမာ ကောင်းမှုကုသိုလ်တွေအာရုံပြု
မိလို့ နတ်ဘ၀ဖြစ်ရမည်ဆိုလျှင် နတ်အ
ဝတ်တွေ နတ်အစားတွေ နတ်ဗိမာန်ကြီ
းတွေ နတ်သ္မီးတွေစသည်ဖြင့်မြင်လာပါ
တယ် အဲ့ဒီအချိန်မှာ နတ်ပြည်၌ဖြစ်တဲ
ကာမဂုဏ်ကိုစွဲတဲ့ကာမာသ၀ နတ်ဘဝ
ကိုနှစ်သက်တဲ့ဘ၀ါသ၀ နတ်လို့ယူစွဲ
လိုက်တဲ့ဒိဌာသ၀ နတ်ဘ၀၌ဖြစ်သော
အိုသေဆင်းရဲကိုမမြင်သောအ၀ိဇ္ဇာသဝ
တို့ဖြစ်လာကြပြီး စုတိကျ(သေ)သည်နှင့်နတ်ပြည်မှာနတ်
ဖြစ်တော့တာပါပဲ
အဲ့ဒီအတိုင်ပါပဲမကာင်းအကုသိုလ်
ဇောစိတ်အဖြစ်များလျှင်လည်းဆင်ရဲတဲ့
ဘ၀တွေဖြစ်တော့မည်ဆိုလျှင်လည်းဖြစ်ရမည့်ဘ၀ပုံစံအတိုင်ထင်လာပြီးသေ
တာနှင့်မကောင်သောဘ၀ကိုရောက်ရတော့တာပါပဲ
ဖြစ်စဉ်လေးတခုပြောပြပါမယ်စာရေး
သူတို့အမျိုးထည်းကပါပဲ စာရေးသသူ၏
ဘကြီး(အဖေ၏အစ်ကို)သည် အသက်
ထင်ရှားရှိ့စဉ်ကရပ်ကျိုးရွာကျိုးစိ
တ်ရောကိုယ်ပါပြုလုပ်သူဖြစ်ပါတယ် သူ
ရှိစဉ်ကကျေးရွာအရှေ့ဘက်၌ပျက်စီေ
သောလောကမာရ်အောင်စေတီတော်ကိုအသစ်ပြုပြင်ခြင်း ဘုန်းတော်ကြီး
ကျောင်း၌ရွာသားများနှငိ့စုပေါင်းပြီး ဓမ္မာရုံအသစ်ဆောက်လုပ်လှူဒါန်ခြင်း
ကျေးရွအတွက်ရေကန်တူးဖော်ခြင်းစ
သောကောင်းမှုများစွာပြုလုပ်သူဖြစ်ပါ
တယ် သူဟာသေခါနီးမှာဒီကောင်းမှု
တွေပြန်မြင်လာပြီးကုသိုလ်ဇောစိတ်တွေဖြစ်နေပါတယ် ဒါကိုဘယ်လိုလုပ်
သိနိုင်ပါသလဲဆိုတော့ မသေခင်စခဲ့
သောဓမ္မာရုံအဆောက်အဦးကားမပြီး
သေးပါဒါကိုစိတ်စွဲပြီး"ဓမ္မာရုံဓမ္မာရုံပြော
ဆိုနေပါသည် ဒါဟာကမ္မနိမိတ်မရာဏာသန္နကုသိုလ်
ဇောစိတ်ဖြစ်နေခြင်ပါပဲ သေခါနီးကျ
တော့သူ၏ဇနီးသည်ဒေါ်ချစ်မြကိုပြောပါ
တယ်"ငါဒီအိမ်မနေတာ့ဘူးတောင်ပိုင်း
ကလှစိန်တိုအိမ်သွားတော့မယ်"လို့
ပြောပါတယ် ဒါဟာဂတိနိမိတ်ထင်လာ
ခြင်ပါပဲဒေါ်လှစိန်နှင့်ဘကြီးလှမောင်တို့
သည်ရည်းစာဦးများဖြစ်ခဲ့ကြသည် ကာ
မာသ၀ ဘ၀ါသ၀ ဒိဌာသ၀အ၀ိဇ္ဇာသဝ
အစွဲးကြောင့်နတ်ပြည်ရောက်နြိင်သော
ကောင်းမှုရှိပါလျှက်နတ်ပြည်၌မဖြစ်ရပဲ
သေသောအခါတွင် ဒေါ်လှစိန်၏ချွေမ မ
ခင်မြင့်ဝမ်းလူဝင်စားပြန်ဖြစ်လေသည်
အာသ၀၏လှည့်စာချက်ကားကြောက်စ
ရာကောင်းလှ၏
ဒေါက်တာကိုဝင်ဇော်အနေဖြင့်ဤ
အကြောင်းအခြင်းရာကိုကြည့်၍သိနား
လည်လောက်ပြီးဟုထင်ပါသည် စာရေး
သူ၏တင်ပြချက်ပြည့်စုံမှုမရှိသေးက တ
တ်သိနာလည်သောပညာရှင်းကိုထပ်ဆင့်မေးပါရန်အကြံပြုရင်း
ဒေါက်တာ ကိုဝင်းဇော်သိ
လိုသမျှကိုညာဏ်မှီသမျှဖြေကြားလိုက်
ပါတယ်
ကျန်းမာ ချန်းသာကြပါစေ
Wailu
နယ်ဘက်ရောက်နေ၍ဖုန်နှင့်ရေးပါသည်
စာလုံးအနေထာမမှန်သည်ခွင့်လွတ်ကြ
ပါဗျာ
0 comments:
Post a Comment