Jul 28, 2014

သာသနာကို​စောင့်​သည်​ဆိုရာ၌

သာသနာကိုစောင့်သည်ဆိုရာ၌
 
    ဘုရားထားတော်မူခဲ့သောသာသနာကား အနှစ်ငါးထောင်ဟုဆိုသော်လည်း
ငါထောင်မပြည့်မှီပင်လျှင် အင်ဒိုနီးရှာ မလေရှား ပါကစ္စတန် ဥစဘတ်ကစ္စတန်
အာဖဂန်နစ္စတန် စသောနိုင်ငံများသည် သာသနာကွယ်ခဲ့ကြပြီမဟုတ်ပါလော့
အပြစ်ပုံချသော် အရှေ့အလယ်ပိုင်းမှလာသော အစ္စလန်းတို့ဧ၊် ကြူးကျော်မှုကြောင့်
ဟုပြောကြပေမည်။ ထိုစကားသည်ရာနုံးပြည့်မှန်ကန်သောစကားမဟုတ်ပါ။ထိုခေက်
ထိုအခါက သာသနာကိုစောင့်ခဲ့သော သာသနာနွယ်ဝင်ရဟန်းတော်များဧ၊် တလွဲ
ဆန်ပင်ကောင်းခဲ့ခြင်းကအကြောင်းရင်းဖြစ်ပါသည်။
    ရဟန်းတော်တို့ဧ၊် အလုပ်ကား နှစ်မျိုသာရှိပါသည်။ ထိုအလုပ်တို့ကား
၁။ ။ဂန္ထဓူရ  ပရိယတ္တိစာပေသင်ကြာခြင်း လူဒါယကာ ဒါယိကာမတိုအား သဒ္ဒါတရာ
ခိုင်မြဲစေရန် သောကစသောအပူများငြိမ်းစေရန်တရားဟောခြင်း။ တရာတော်ကို
မှန်ကန်စွာနှလုံးသွင်တတ်အောင်သင်ပေးခြင်း။
၂။ ။ဝိပဿနာဓူရ လောဘစသောကိလေသာငြိမ်းကြောင်းတရားဝိဿနာမဂ်ကို
ပွားများအာထုတ်ခြင်း တိုသားဖြစ်ပါသည်။  ဤအလုပ်နှစ်မျိုးသည်သာ သာသနာ့
နွယ်ဝင်ရှင်ရဟန်းတို့ဧ၊်အလုပ်သာဖြစ်ပါသည်။
     မြတ်စွာဗုဒ္ဓကလည်း ခရီးသွားကြ တကြောင်းတည်သောခရီကိုနှစ်ယောက်မသွားကြပဲ ရောက်ရာဒေသက သဒ္ဓါတရားမရှိသူကို သဒ္ဓါတရားပြည့်စုံအောင်။ သီလမရှိသူကိုသီလနှင်ပြည့်စုံအောင် နှမြေားတတ်သူကို ပေးကမ်းခြင်းနှင့်ပြည့်စုံအောင် ပညာမရှိသူကိုပညာနှင့်ပည့်စုံအောင် ဟောကြ ပြောကြ သင်ပေးကြစသည်ဖြင့် သာာနာပြုပုံ သာသနာစောင့်ပုံကိုသင်ကြာပေးပြီးမဟုတ်ပါလေလေား။
    ထိုခေက်အခါကရဟန်းများသည် မိမိလုပ်ရမည့်အလုပ်ဖြစ်သော သာသနာပြု
အလုပ်များကိုမလုပ်ကြပါပဲ ဘုရားသာသနာနှင့်မဆိုင် မပတ်သက်သော တန္တယာန
စသည့်လုပ်ငန်းတွေကို ပစ္စည်းလာဘ်လာဘကိုငဲ့ကွက်လျှက်ပြုလုပ်ကာ ဂါထာများ
ဖြင့်မန်းမုတ်ခြင်း အိုင်အိုင်ခမဲ လက်ဖွဲ့စသည်ကိုပြုလုပ်၍လာဘ်များအောင်ကြံဆောင်ကြဧ၊် ထိုပညာရပ်တို့ဖြင့်လူအများကိုခြောက်လန့်အယုံသွင်း၍ နည်းမကျသောလမ်းမမှန်သော အလုပ်တို့ဖြင့်လူတို့ဧ၊်သဒ္ဓါတရားကိုလိမ်ညာ၍ယူခဲ့ကြဧ၊် ။
တိုင်းပြည်ကိုအုပ်ချုပ်ကြသောမင်းများကိုလည်းသူတို့အားကိုချင်လာအောင်
ထိုပညာရပ်တို့ဖြင့်သိမ်းသွင်းခဲ့ကြပေသည်။ထိုးခေက်ကဘုရင်းများကလည်း
ထိုကဲ့သိုသောပညာရပ်များကိုအထင်ကြီးအားကိုခဲ့ကြပေသည်။
       မိုဟာမက်တို့ကဘာသာရေးစစ်ပြုလာသောအခါထိုပညာရပ်များကိုအားကိုး
အယုံလွန်၍  စစ်အင်အားကိုလည်းတောင့်တင်းအောင်မပြု စစ်ကိုလဲမတိုက်ပဲနေ
ခဲ့ကြ၍ ဤသို့ဖြင့်အင်အားကောင်းသောအစ္စလန်တို့ဧ၊် စစ်တပ်အောက်ကျရှုံးကြ၍
တန်ဘိုးကြီးမားသောမြတ်ဗုဒ္ဓဧ၊် သာသနာလည်းကွယ်ပျောက်ခဲ့ရလေဧ၊် ။
      ယခုခေက်ရဟန်းတော်များသည် အတိတ်မှဖြစ်ခဲ့သောသမိုင်းဖြစ်စဉ်များကို
သတိရသံဝေဂယူကြ၍မိမိတိုကိုယ်တိုင်ပညာတ်အောင်သင် မိမိတတ်ထားသော
ပညာတို့ဖြင့်လောကဧ၊်ကောင်းကျိုးများကိုသယ်ပိုးခြင်း။မိမိနေထိုင်ကြသောကျောင်း
များ၌ ပရိယတ္တိစာသင်တိုက့် သိုမဟုတ် ပဋိပတ်တရားရိပ်သား သို့မဟုတ် အခြေခံ
မူလတန်းမှစ၍ အလယ်တန်းအထက်တန်းတိုင်အောင်ဘုန်းတော်ကြီးသင်ပညာရေး
ကျောင်းများ မိဘမဲ့ပရဟိတလုပ်ငန်းများကိုပြုလုပ်ကြပြီအမျိုးဘာသာ သာသနာကို
ကာကွယ်ခြင်း စောင့်ရှေက်ကြခြင်းက သင့်လျှော်မှန်ကန်သောစောင့်ရှောက်ခြင်းသာ
ဖြစ်ပါသည်။
         ရန်ကုန် မန္တလေး စသောမြို့ကြီးများ၌အချို့သောကျောင်းများသည် ထိုသို့ပြု
လုပ်ရမည်ကိုဝန်လေးနေဟန်တူဧ၊် ပရိယတ်လည်းမလုပ် ပဋိပတ်လည်းမလုပ် သာ
သနာပြန့်ပွာစေတတ်သောအလုပ်များမလုပ်ပဲ အနယ်နယ်အရပ်ရပ်မှလာသောဧည့်
သည်များကိုလက်ခံဧည့်ကျောင်းလုပ်ကာလာဘ်များအောင်ကြံဆောင်နေကြတာကို
တွေ့နေရပေသည်။ဤမျှဖြင့်မကသေးနိဗ္ဗာန်မဂ်ဖိုဧ၊်ဆန့်ကျင်ဘက်ဖြစ်သော သံဃာ့
နာယကရာထူးကိုပင်အပြိုင်အဆိုင်လု၍ ထိုရာထူးဖြင့်လူတို့ဧ၊်ပစ္စည်းလေးပါကိုပင်
လုယူစားသောက်နေခြင်းရှိနေကြပေသည်။ အချို့ရဟန်းများကလည်းမိမိတို့
ရထားသော ဓမ္မာစရိယ M A ,BA,PHD ,စသောဘွဲ့များဖြင့်သာသနာပြုသရောင်
ရောင် ဓမ္မပလ္လင်ပေါ်အတင်းလုတက် အစိုးရမကောင်းကြောင်းပြော NLD မကောင်း
ကြောင်းပြော ဟိုအဖွဲ့ ဒီအဖွဲ့မကောင်းကြောင်းပြောလောဘငြိမ်းကြောင်း ဒေါသငြိမ်း
ကြောင်း မောဟငြိမ်ကြောင်းမပါ ပေါ်လစီတရာဟောပြီးလူတို့သဒ္ဓါတရားကိုခိုးယူ
နေကြပေသည်။
       ဤနည်းဖြင့်သာသနာမတည်နိုင်သလို မိမိအမျိုးဘာသာကိုလည်းစောင့်ရှောက်
ရာမရောက်ဘူးဆိုတာနှလုံးသွင်းတော်မူကြပါ။မင်းကွန်းတိပိဋိကအရှင်ဝိစိတ္တာဘိဝံသ
ဆရာတော်ကြီးက နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်ကြီးမျာတည်ထောင်တော်မူသော
ရည်ရွယ်ချက်ကား အထက်မှတင်ပြခဲ့သောနည်းဖြင့်အမျိုးဘာသာ သာသနာကိုစောင့်လို၍တည်ထောင်ခဲ့ခြင်းဖြစ်ဧ၊် ။ဘုန်တော်ကြီးသင်ပညာရေးကျောင်းများပေါ်
လာသော်နိုင်ငံတော်ကိုလည်းကူညီရာရောက် အမျိုးဘာသာကိုလည်းစောင်ရှောက်
ရာရောက်တချက်ခုက်နှစ်ချက်ပြတ်နည်းဖြင့်တက္ကသိုလ်မျးတည်ထောင်းပေခဲ့ပါသည်
ယ္ခုဆရာတော်အရှင်ညာဏိဿရတို့လည်း  ထိုသို့သောရည်ရွယ်ချက်ဖြင့်လုပ်နေကြသည်ကိုအတူ့ယူ စံနမူနာထား၍လုပ်ဆောင်ကြသော်
ဗုဒ္ဓသာသနာတော်သည်မြန်မာတွင်မက ကမ္ဘာပါပြန့်နိုင်ပါသည်။ ဤသည်ကို
သတိပြု၍ဆင်ချင်တော်မူကြရန်တင်ပြခြင်းဖြစ်ပါသည်။ သံဃာထုအပေါ်စော်ကားလို၍ ဤစာကိုရေးသာခြင်းမဟုတ်ပါ ဝေဠုကိုယ်တိုင်လည်းတနိုင်တပိုင် ပရိယတ်ရော ပဋိပတ်ရော ပရဟိတရောလုပ်ဆောင်ကာ
ဘာသာခြာဖြစ်သော ခရစ်ယာန်အခါတိုင်းသာများ အစ္စလန်ဘာသာဝင်များကို တတ်
နိုင်သမျှ ဗုဒ္ဓအဆုံးမကိုလိုက်နာတတ်သောဗုဒ္ဓဘာသာဝင်ဖြစ်အောင်စည်ရုံနိုင်ခဲ့ပါည်။
    သူတို့ကိုလည်းသောတာပန်မဟုတ်တောင် သဒ္ဓါတရားခိုင်မြဲးအောင်ပြုထားတော့
အမြဲးတမ်းတရားစခန်းဝင်တရားအားထုတ်ခြင်း ကျောင်း၌ဝေယျာဝေစ္စပြုလုပ်ခြင်း
အလှူပေးတတ်ခြင်း ဒုလ္လဘရဟန်းဝတ်ခြင်းစသော ကောင်မှုကုသိုလ်များပြုလုပ်
တတ်နေကြပေသည်။ ဤသို့လျှင် မိမိတိုဧ၊်ဘာသာဝင်များကို သဒ္ဓါခိုင်မြဲအောင်ပြု
ပေးထားခြင်းကအခြားဘာသာဝင်များနှင့်မဆက်ဆန်ပါနှင့်ဟုတိုက်တွန်းစရာမလို ဘာသာပြောင်ဘို့မပြောနှင့်ဆက်ဆန်ြခင်းတောင်ပြုကြတော့မည်မဟုတ်ပါခြေ။အဓိကအကြောင်းရင်းသည် မိမိတို့ဧ၊်ခြံစည်းရိုးကိုလုံအောင်ကာဘို့ပင်ဖြစ်ပါ။
      "လုံအောင်ကာ"ဆိုရာ၌ ပထမ မိမိကိုယ်တိုင်ပင်လျှင်မြတ်စွာဗုဒ္ဓဧ၊် အဆုံအမ
တော်ကိုမည်မျှလိုက်နာကျင့်သုံးနိုင်ပြီနည်း။ ကျင့်သုံနိုင်လျှင်မိမိဌာန်မှာဘုရား
သာသနာတည်ဧ၊်။သာသနာသည်နှစ် (၅၀၀၀)ပြည့်မှကွယ်မည်မဟုတ်။ မကျင့်
သုံးလျှင် ထိုမကျင့်သုံးသူဧ၊်သဏ္ဌာန်၌သာသနာကွယ်တော့သည်သာဖြစ်ဧ၊် ။
ထိုကြောင့်အမျိုးဘာသာသနာကိုတည်တန့်စေလိုလျှင်မြတ်စွာဗုဒ္ဓဧ၊် အဆုံးအမ
များကိုကလေးကစလူကြီးကျအောင် လက်တွေ့ကျင့်သုံးတတ်အောင်သင်ကြား
ပေခြင်းကသာလျှင်အကောင်းဆုံးသောနည်းလမ်ဟုရှုမြင်သုံးသပ်မိကြောင်း
တင်ပြလိုက်ရပေသတည်း

မှတ်ချက်။ ။အမြင်မတူကအပြစ်မယူပဲခွင့်လွှတ်သိခံတော်မူကြပါ

ဝေဠု

0 comments:

Post a Comment