သံဝေဂတေးထပ်
ကြိုတင်ကာ ပြင်ဆင်မှု,
နင်မပြုနေကာ၊
မမြင်ဘူ့သေမှာကို,
ဝေဒနာ ရှောင်တုန်း ၊
ဗျုံးကနဲ လာတဲ့ခါမှာ,
မာခဲ့တာ ရုပ်တွေကဆုံး၊
သေမင်းနှင့် ရင်ဆိုင်မည်,
နင်ပိုင်သည် ထင်အုံး၊
ပျော့ခွေကာ ရယ်မပြုံးနိုင်ဘူး,
ဘယ်မတုန်း နင့်ကိုယ်၊
ဝေဒနာ မလာတုန်းကတော့,
ငါတစ်လုံးနဲ့ ငါ့ကိုယ်လို့ဆို၊
ခုတော့ဖြင့် ငါသွားချင်သလို,
ငါ့အားအင် ပြိုနွဲ့လို့,
အိုမဲ့မဲ့ မထနိုင်, နုံးခွေလို့ ယိုင်၊
ငါနဲ့တော့ ဘာမဆိုင်ပြီ,
ငါပိုင်သည် ထင်အုံးဟဲ့လေး ---။
0 comments:
Post a Comment