ပဋိစ္စသမုပ္ပါဒ် ပဋိလောမ
အ၀ိဇ္ဇာ တွေဝ အသေသ ၀ိရာဂနိရောဓါ၊ သင်္ခါရနိရောဓါ ၀ိညာဏနိရောဓေါ ၀ိညာဏ နိရောဓါ နာမရူပ နိရောဓါ နာမရူပနိရောဓေါ သဠာယတနနိရောဓါ သဠယတ နနိရောဓါ ဖဿနိရောဓေါ ဖဿနိရောဓါ ဝေဒနာနိရောဓေါ ဝေဒနာနိရောဓါ တဏှာနိရောဓေါ တဏှာနိရောဓါ ဥပါဒါနာနိရောဓေါ ဥပါဒနနိရောဓါ ဘ၀နိရောဓေါ ဘ၀နိရောဓါ ဇာတိနိရောဓေါ ဇာတိနိရောဓါ ဇရာမရဏံ သောကပရိဒေ၀ ဒုက္ခဒေါမနဿုပါယာသာနိရုဇ္ဈန္တိ။ ဧ၀မေတဿ ကေသလဿ ဒုက္ခန္ဓဿနိရောဓေါ ဟောတိ။
မြန်မာပြန်
အ၀ိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပါသည် သင်္ခါရချုပ်ခြင်းကြောင့် ၀ိညာဏ်ချုပ်ပါသည် ၀ိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်ပါသည် နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတနချုပ်ပါသည် သဠာချုပ်ခြင်းကြောင့် ဖဿချုပ်ပါသည် ဖဿနာချုပ်ခြင်းကြောင့် ဝေဒနာချုပ်ပါသည် ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်ပါသည် တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်သည် ဥပါဒါန်ချုပ်ခြင်းကြောင့် ဘ၀ချုပ်ပါသည် ဘ၀ချုပ်ခြင်းကြောင့် ဇာတိချုပ်ပါသည် ဇာတိချုပ်ခြင်းကြောင့် ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါဒယာသတို့ချုပ်ကြပါသည် အလုံးစုံသော ဒုက္ခအစုလည်းချုပ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာသင်္ကေတ ကဗျာ
စက်ဝိုင်းနှစ်ထပ် ကြက်ခြေခတ် ပဋိစ္စသမုပ္ပါဒ်။ကြက်ခြေခတ်သော် လေးကွပ်ပေါ် ဥာဏ်တော်ရွှင်မြူးလှ။တစ်၊ နှစ် ၊သုံး ၊ လေး ၊သင်္ချာရေးကွက်လေးရေတွက်ပြ။ဘေးမှာပတ်ခွေ မြှားစင်းတွေ မှတ်လေလှည့်ပတ်ပြ။ အထက်မှာမြှား အောက်စိုက်ထား မှတ်သားဝင်ရိုးပါ။စက်ဝိုင်းသေးပြား ပုံတောင်းပါ သေချာမှတ်၍ထား။ အပြားလေးဖြာထောက်(ဒေါက်) တွေပါ သေချာမှတ်၍ထား။ အကွက်တွေကြား နှစ်ဘက်မြှား မှတ်သားဆက်စပ်ပြ၊ သံသာစက်ဝိုင်း ပုံခိုင်းနှိုင်းရှုတိုင်းတူပေစွ။ အာသ၀လေးဖြာ ၀င်ရိုးပါ သေချာမှတ်၍ထား။ အ၀ိဇ္ဇာတဏှာ ပုံတောင်းပါ သေချာမှတ်၍ထား။ ခန္ဓာငါးဖြာ လှည်းအိမ်ပါ သေချာမှတ်၍ထား။ သုံးဆယ့်တစ်ဖြာ လမ်းကြောင်းမှာ မှန်စွာတွေ့ဒုက္ခ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် သိအပ်ဤသို့ပါ။
အသွယ်ရှစ်ဖြာ
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့် ကာလသုံးဖြာ ခြင်းရာနှစ်ဆယ် ဤရှစ်သွယ်ကို အလွယ်ကျက် မှတ်သိစေအပ်သည် သံသရာမှ လွှတ်စေကြောင်းတည်း။
မူလနှစ်ဖြာ
အ၀ိဇ္ဇာနှင့် တဏှာကိုသာ
မူလနှစ်ပါး ခေါ်ငြားမှန်စွာ
ဝဋ်ဖြစ်ကြောင်းရင်း ဖြစ်ခြင်းမှန်စွာ
ဝဋ်မူလ ခေါ်ကြမူနှစ်ဖြာ။
သစ္စာနှစ်ခု
သမုဒယ ဒုက္ခမှန်စွာ
သစ္စာနှစ်ခု ခေါ်ပြုလေတာ
ဆင်းရဲကြောင်းနှင့် ဆင်းရဲ့ကျိုးပါ
ထိုနှစ်ပါး မှတ်ထားသစ္စာပါ။
လေးခုအလွှာ
အ၀ိဇ္ဇာနှင့် သင်္ခါရမှာ
အတိတ်ကပြု ကြောင်းဟုတစ်လွှာ
ဝိဉာဏ်အစ ငါးဝဓမ္မာ
ခုဘ၀ ရကြကျိုးတစ်လွှာ
ခုဘ၀ပြု တဏုပါဒါ
ကမ္မဘ၀ သုံးဝဓမ္မာ
ခန္ဓာရကြောင်း မကောင်းမှတ်ပါ
ခုဘ၀ ပြုကြကြောင်းတစ်လွှာ။
ဓမ္မသုံးခု ပြုခြင်းကြောင့်သာ
ဇာတိအစ ဇရာမရဏ
မွေးအိုသေကြ ဆင်းရဲရတာ
နာဝတ်မှ ရကြကျိုးတစ်လွှာ။
လွှာကာပေးပါး ရှိငြား၍သာ
သံသာဆင်းရဲ ကြုံမြဲတို့မှာ
မလွှတ်နိုင်ပဲ တစ်ဝဲလှည့်လာ
ဉာဏ်ဖြင့်ရှု လေးခုရုပ်အလွှာ။
သစ္စာလေးပါး တရားကိုသာ
ဘာမှန်းမသိ မောဟမိကာ
အမိုက်မှောင်ကြီး ပိတ်ဆီးကွယ်ကာ
သံသာကြော မောကြလေဦးသာ။
သင်္ခါရ
သင်္ခါရတရား ပြုငြားလေတာ
ပုညာ ပုည အာနဉ္ဇ ပါ
ကာ ဇီ စိတ္တ သုံးဝတစ်ဖြာ
ဘဝညွတ်ဝဋ်ကမလွတ်ပါ။
ဝိညဏ်
မိခင်ဝမ်းထဲ ရောက်ဆဲအခါ
ဝိညာဏ်တရား ဖြစ်ငြားမှန်စွာ
ဝိညာဏ်ပဲဟု မှတ်မြဲသေချာ
ပဋိသန် မှတ်ရန်ဒီအခါ
အမိဝမ်းထဲ ရောက်ဆဲအခါ
ဝိညာဏ်တရား ဖြစ်ငြားမှန်စွာ
ဝိညာဏ်ပဲဟု မှတ်မြဲသေချာ
ပဋိသန် မှတ်ရန်ဒီအခါ။
အမိဝမ်းမှထွက်မြောက်ပြီးခါ
မသေမချင်း ထင်လင်းဖြစ်လာ
ဝိညာဏ်ပဝတ္တိမှတ်သိလေပါ
တို့ဘုရားဟောကြားမိန့်ခဲ့တာ။
နာမ်ရုပ်
နာမ်ရုပ်နှစ်ပါး တရားသဘာဝါ
ညွတ်လျှင်နာမ်ပဲ ထိစွဲမှတ်ပါ
ဖောက်ပြန်တရား မှတ်သားရုပ်ပါ
ဖြစ်လျှင်ပျက် မှတ်လျှက်နာမ်ရုပ်ပါ။
နာမ်ရုပ်နှစ်ပါး မှတ်သားဥပမာ
ရုပ်ကန်နာမ်ကျိုးမှတ်ရိုးသေချာ
နာမ်ရုပ်နှစ်ပါး ပေါင်းငြားသောခါ
ဖြစ်ပေါ်ကြ ရလဒ်ဤခန္ဓာ။
သဠာယတန
သဠာခြောက်ဝ မှတ်ကြသေချာ
စက်သော ဃာ ဇ ကာယ မနာ
ဒွါခြောက်ပါးဖြစ်ငြားမှန်စွာ
သံသာထဲ အမြဲသူချဲ့တာ။
ဖဿ
ဖဿခြေက်ပါး မှတ် ကြသေ ချာ
မြင်တွေ့ကြားတွေ့ နံတွေ့တစ်ဖြာ
စားတွေ့ ထိတွေ့ ကြံတွေ့လေရာ
ဖြစ်ပေါ်လဲ ပျက်မြဲ လွန်သေချာ။း
ဝေဒနာ
ဖဿခြောက်ပါး ဖြစ်ငြာသောအခါ
ဝေဒနာခြောက်ဝ ဖြစ်ရသေချာ
ချမ်းသာဆင်းရဲ စံမြဲခံကာ
လျစ်လျှူရှု သုံးခုဝေဒနာ။
တဏှာ
ဝေဒနာခြောက်ပါး ခံစားသောအခါ
တဏှာခြောက်ပါး ဖြစ်ငြားသေချာ
ကာ ဘ ဝိဘဝ တည်ထမြှောက်ခါ
တစ်ရာ့ရှစ် ဖြစ်၏ပွားများလာ။
တဏှာအစစ် (၁၀၈) ဖြစ်ပုံ
တဏှာသုံးပါး တည်ထားမှန်စွာ
အာရုံခြောက်ပါး မြှောက်ငြားသေချာ
တဏှာတရား ပွားကြလေတာ
တစ်ရာ့ရှစ် မှတ်လေထိုအခါ။
တဏှာဆယ့်ရှစ် တည်လစ်လေးပါ
ကာလသုံးပါး မြှောက်ငြားမှန်စွာ
တဏှာတရား တိုးပွားလေတာ
ငါးဆယ့်လေးမှတ်တွေးထိုအခါ။
တဏှာငါးလေး တည်ရေးပြီးခါ
သဏ္ဍာန်နှစ်ပါးမြောက်မွားသေခြာ
တဏှာတရားတိုးပွါးပြန်တာ
တစ်ရာ့ရှစ် ဖြစ်၏ထိုအခါ။
ဥပါဒါန်
လိုချင်လောဘ အားကျလိုသာ
ဥပါဒါန်လေးဖြစ်ရေးသေချာ
ကာဒိ အတ္တ သီလဗ္ဗတာ
စွဲလန်းကြ လေးဝဥပါဒါ
ကာမုပါဒါန် ဒိဌုပါဒါန်
အာရုံငါးဝ စွဲကြသောခါ
ကာမုဒါန်ပဲ မှတ်စွဲသေချာ
လှူဒါန်းဒါန ပယ်ကြသောခါ
ဒိဌိစွဲးဖြစ်မြဲခ၏ထိုအခါ။
သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်
ခွေးနွားကျင့်ဖြင့် ခင်လင့်သံသရာ
ယူပါသော်ကား သီလဗ္ဗတာ
ခန္ဓာငါးပဲ ငါစွဲလေတာ
သေခြာပဲ ဖြစ်မြဲအတ္တဝါ။
ဘဝ
စွဲလန်းသူများ ပြုငြာသေချာ
ကာစိ စိတ္တသုံးဝကမ္မာ
အားထုတ်ကြိုးစား ပြုငြားသောခါ
နောက်ဇာတိ ရရှိဧကန်သာ။
ဇာတိ
ဘဝနှစ်ရပ် ဆက်စပ်လေတာ
ဇာတိဆင်းရဲ ဖြစ်မြဲသေချာ
ခန္ဓာဝိပါက် မပျက်ဖြစ်လာ
ဘဝသစ် ဖြစ်၏လွန်သေချာ။
ဇရာ မရဏ
အိုခြင်း သေခြင်း မယွင်းကြိမ်ဖန်
ဖြစ်ကြောင်း ဖြစ်ကျိုးနှစ်မျိုးဆက်ပြန်
သမုဒယ နှင့် ဒုက္ခအမှန်
မြတ်ဘုရား ဟောကြားမိန့်ဟသံ။
0 comments:
Post a Comment