Aug 2, 2015
ဝိသာခါဧ။်​ ပရဟိတစိတ်
   ဝိသာခါ ဧ။်​ ပရဟိတစိတ် 
    ၂-၈-၂၀၁၅ ယ​နေ့ ​ဝေဠု ထိုင်းနိုင်​ငံ မယ်​ဆိုင်​မြို့အ​ခြေဆိုက်​ လူမှုကရုဏာ လူမှု
ကူညီ​ရေးအသင်းသားများစု​ပေါင်းပြီလှူဒါန်းကြ​သော ဝါဆိုသင်္ကန်းကပ်​လှူဒါန်းပွဲးသို့
တက်​​ရောက့်​ခဲ့ပါသည်​။ ဤလူမှုကရုဏာလမှုကူညီးအသင်းသည်​ လွန်​ခဲ့​သော ငါးနှစ်
လောက်​ကစ၍ ထိုင်​နိုင်​ငံဘက်​ချမ်းရှိ အခက်​အခဲးအမျိုးမျိုး​ရောက်​​နေ​သော မြန်​မာများ
ကျန်းမာ​ရေး သာ​ရေး နား​ရေး စသည်​များကိုကူညီနိုင်​ရန်​ မြန်​မာ​ရွှေ​ပြောင်းအလုပ်​သ္မား
များ ထိုင်​နိုင်​ငံမယ်​ဆိုင်​၌စီပွားရှာ​နေကြ​သောမြန်​မာတိုင်​ရင်းသား ပရဟိစိတ်​ဓာတ်​ရှိကြ
သူများစုစည်း၍တည်​​ထောင်​ခဲ့ကြသည်​။
      အသင်းဧ။်​လုပ်​ငန်းများများပြားလှဧ။်​ လုပ်​ရ​သောလုပ်​ငန်းများမှာလည်း တခါတရံ
အသင်းသားများ မအိပ်​မ​နေလုပ်​ကြရသည်​။ လူမှုကရုဏာဆို​သောအတိုင်း ​ဆေးရုံတက်
ရန်​​ရောက်​လာသူတိုကို ​ဆေးရုံသို့ပို့​ပေးရခြင်း ဆုံးသွားသူများကိုမြန်​မာဘက်​သို့ သယ်​​ဆောင်​​ပေးရခြင်း တနှစ်​ တစ်​ကြိမ်း နှစ်​ကြိမ်းတရားပွဲကျင်းပခြင်း စ​သောလုပ်​ငန်းများကို
လုပ်​​ဆောင်​ကြရသည်​။ အများဆုံးလုပ်​ရ​သော အလုပ်​မှာ လူနာများကို ​ဆေးရုံပို့ရခြင်း
ဆုံသွား​သောအ​လောင်းများကို ပြန်​လည်​သယ်​​ဆောင်​​ပေးရခြင်း မသယ်​ယူလို​သော
အ​လောင်းများကို သင်္ဂြိုဟ်​​ပေးရခြင်းလုပ်​ငန်းများဖြစ်​သည်​။
      အသင်းသားသည်​ လစဉ်​ ၂၇ ရက်​တွင်​​တွေဆုံစည်​​ဝေကြပြီး ၂၈ ရက်​​နေ့တွင်
သံဃာ​တော်​များပင့်​ ဆွမ်းလှူဒါန်းကြသည်​ ။ဤအသင်းလုပ်​ရပ်​များသည်​ မိမိတိုအကျိုး
စည်းပွားအတွက်​မဟုတ်​ပဲ ဒုက္ခ​ရောက်​​နေ​သော လူအများအကျို အကူအညီ​လိုအပ်​​နေ​သော လူများအကျိုကိုသယ်​ပိုးရင်​​ပျော်​​နေကြ​ပေသည်​။ ဤကဲ့သို့​သောလုပ်​ငန်းသည်
ကရုဏာစိတ်​ပြင်​ပြသူ ကိုယ်​ချင်​စားနာစိတ်​ပြင်​ပြသူများ သူ​တော်​​ကောင်းစိတ်​များရှိသူများသာလုပ်​​ဆောင်​နိုင်​ကြ​ပေသည်​။
        သာဓကတစ်​ခုတင်​ပြရလျှင်​ မြတ်​ဘုရား ဗာရဏသီမှ သာဝတ္ထိသို့ပြန်​ကြွလာ
တော်​မူစဉ်​ ပုပ္ဖာရုံ​ကျောင်းအမ ဝိသာခသည်​ မြတ်​ဘုရားနှင့်​သံဃာ​တော်​များကိုဆွမ်း
ကပ်​လှူဒါန်​ပါသည်​။ ထိုသို့လှူဒါန်း​သော​နေ့မှာ မိုးကလည်းစကြာဝဠာအနံ့​ရွာသွန်​​​လေ
သည်​ ။ဤအချိန်​တွင်ရဟန်း​တော်​များမိုး​ရေချိုးကြဧ။်​ သင်္ကန်းသုံးထည်​တည်​သာရှိ​သော
ကြောင့်​ ရဟန်း​တော်​များသည်​ သင်္ကန်းများချွတ်​၍ပကတိကိုယ်​ဖြင့်​သာ​ရေချိုးကြသည်
         ထိုသို့​မိုး​ရေချိုး​နေစဉ်​ ဝိသာခသည်​ သူဧ။်​ကျွန်​မအားမြတ်​စွာဘုရားနှင့်​သံဃာ
တော်​များဆွမ်းချိန်​​တန်​ပြီဆို​သောအ​ကြောင်း​လျှောက်​ထားခိုင်​လိုက်​​လေသည်​။ ကွန်​မ
သည်​ ​ဇေတဝန်​​ကျောင်းမုခ်​ဦးသို့​ရောက်​လျှင်​ ​ကျောင်းဝင်းအတွင်းပကတိကိုယ်​တုံးလုံး
ဖြင့်​မိုး​ရေချိုး​နေကြ​သောရဟန်း​တော်​များကိုမြင်​လျှင်​ "​ဇေတဝန်​​ကျောင်းတိုက်​၌ မြတ်​စွာ
ဘုရားနှင့်​သံဃာ​တော်​များမရှိ​တော့ အဝတ်​မဝတ်​​သော အ​စေလက တိဋ္ဌိများ​ရောက့်​​နေ
လေပြီ"ထင်​၍ပြန်​သွား​လေဧ။်​ ။အိမ်​ပြန်​​ရောက်​​တော့လဲဤအတိုင်​ပင်​ ဝိသာခကိုပြန်​​ပြော
လေဧ။်​ ။ဝိသာခကားစဉ်​စားဥာဏ်​ရှိဧ။်​ ဤအရှင်​​ကောင်းများသည်​ မိုး​ရေခံသင်္ကန်းမရှိ
၍ မိုး​ရေချိုးနေသည်​ကို အ​စေလကဟုထင်​​ရောင်​ရှိဧ။်​ ။ထို့​ကြောင့်​၎င်းကျွန်​မကိုပင်​ထပ်​မံ
၍ခိုင်​​စေပြန်​သည်​။
       ထိုအချိန်​တွင်​ ဟရန်း​တော်​များသည်​ မိုး​ရေချိုးပြီ၍သင်္ကန်းများပြန်​လည်​ဝတ်​ရုံကြ
ကာ မိမိသီတင်းသုံးရာ​ကျောင်းအတွင်းသို့ဝင်​၍သီတင်​သုံး​တော်​မူကြဧ။်​ ကျွန်​မကား
ရဟန်းတော်​များမမြင်​သဖြင့်​ ဘုရားရှင်​လည်းမ​တွေ့ရဟန်းတော်​တိုလည်းမမြင်​​သော
ကြောင့်​ ပြန်းသွားပြန်​သည်​။ ဝိသာခါကိုလည်းဤအတိုင်​ပင်​ပြန်​ကြားဧ။်​ ။ဝိသာခါကား
စဉ်​စားဥာဏ်​ရှိဧ။်​ အရှင်​​ကောင်းများမိုး​ရေချိုးပြီး၍ မိမိတို့​ကျောင်းအသီးသီး၌သီတင်း
သုံး​နေ​တော်​ကြဟန်​ရှိဧ။်​ ။ဥာဏ်​မရှိ​သောကျွန်​မသည်​မမြင်​၍သာဆို​သောစကားဖြစ်​လိမ့်
မည်​ဟုသိ၍​နောက်​တစ်​​ခေါက်​၄င်းကျွန်​မကိုပင်​ "​ကျောင်းအတွင်းဝင်​၍ ပင့်​​ဆောင်​ခဲ့"ဟု
မှာကြားပြီးပြန်​လွတ်​လိုက်​ပြန်​သည်​။
      ဤ​နောက်​ဆုံးအကြိမ်​တွင်​မြတ်​စွာဘုရားသံဃာ​တော်​များပါ​လာတော့သည်​။ ဝိသာခါ
သည်​ မြတ်​ဘုရားနှင့်​သံဃာ​တော်​များဆွမ်းလှူဒါန်​ဧ။်​ ။ မြတ်​ဘုရာလည်းအနု​မောဒနာ
တရာ​ဟော၍အလှူဒါနကိုချီ​မြောက်​​ပေးဧ။်​ ။မြတ်​စွာဘုရားတို့ပြန်​ကြွ​တော့မည့်​အချိန်​တွင်
ဝိသာခါသည်​ မြတစွာဘုရားအားလက်​အုပ်​ချီလျှက်​ ဆုရှစ်​ပါးကို​တောင်းပန်​​လေသည်​။
ဝိသာခါ​တောင်း​သောဆုရှစ်​ပါးကား
၁။ ။မြတ်​ဘုရားတပည့်​​တော်​အား ရဟန်းတော်​အတွက်​မိုး​ရေခံ( ဝါဆို )သင်္ကန်းလှူဒါန်း
     ခွင့်​ ​ပေး​တော်​မူပါဘုရား
၂။ ။အာဂန္တုဧည့်​သည်​ ရဟန်းများအာအမြဲးဆွမ်းလှူဒါန်းခွင့်​​ပေ​တော်​မူပါဘုရား
၃။ ။ခရီသားရဟန်းတော်​များ အားအမြဲဆွမ်​လှူဒါန်းခွင့်​​ပေး​တော်မူပါဘရား
၎ ။ဂိလာနရဟန်း​တော်​များအမြဲးဆွမ်းခွင့်​​ပေး​တော်​မူပါ
၅ ။ဂိလာနုပ္ပဋ္ဌကရဟန်း(သူနာ​စောင့်​ရဟန်း )​တော်​များကိုအမြဲးတ​စေဆွမ်းလှူ
္မူ္မ    ဒါန်းခွင့်​​ပေး​တော်​မူပါ
၆ ။။ဂိလာနရဟန်းတော်​များအားအမြဲ​ဆေးလှူခွင့်​ပြု​တော်​မူပါ
၇။ ။ရဟန်းတော်​များအတွက်​ အမြဲးယာဂုလှူဒါန်းခွင့်​ပြု​တော်​မူပါ
၈။ ။ဘိက္ခူနီ (ရဟန်း)များအတွက်​​ရေသနုပ်​သင်္ကန်းလှူဒါန်းခွင့်​ပြု​တော်​မူပါဟု
ရှစ်​ပါး​သောဆုကို​တောင်း​လေဧ။်​ ။
               ဝိသာခါဧ။်​ပရဟိတစိတ်
   ဤဆုရှစ်​ပါးကိုဝိသာခါ​တောင်း​တော့ မြတ်​စွာဘုရားရှင်​ကဘယ်​လိုအကျိုး​တွေ
မြင်​လို့ သိလို့​တောင်းတာလဲလို့​မေ​တော်​မူပါတယ် ။ဒီအခါဝိသာခါက မြတ်​စွာဘုရား
တပည့်​​တော်​ဧ။်​​ကောင်းမှုအကျိုးတစ်​ခုတည်​ကိုရည်​ညွန်း၍​တောင်​ခြင်းမဟုတ်​ပါ
ယ​နေ့နံနက်​အချိန်​တပည်​​တော်​ကျွန်​မကို မြတ်​စွာဘုရားရှင်​နှင့်​သံဃာ​တော်​များကို
ဆွမ်​ချိန်​တန်​၍​​ကျောင်းအရန်​သို့သွားခိုင်​ပါသည်​ ထိုအချိန်​မှာ ရဟန်း​တော်​များ အဝတ်
သင်္ကန်​မပါပဲမိုး​ရေချို​နေ​သောရဟန်း​တော်​များကိုမြင်​၍ အ​စေလကအာဇီဝက​တွေဟုထင်
ကာပြန်​လည့်​လာခဲ့ပါသည်​။ မြတ်​စွာဘုရားအဝတ်​မစည်းအချည်းနည်း​နေခြင်းမစင်​ကြယ်​ပါ ရဟန်း​တော်​များအတွက်​လိုအပ်​​သော​ကြောင့်​ ရဟန်း​တော်​များအကျိုကိုလိုလာ၍​တောင်​ခြင်းဖြစ်​ပါသည်
       ဧည့်​သည်​ဖြစ်​​သောရဟန်း​တော်​များသည်​ ဆွမ်းခံလမ်းခရီကိုမကြွမ်​ကျင်​ကြပါ
ဆွမ်းခံအပ်​ မခံအပ်​​သောအိမ်​ကိုလဲမသိကြပါ ထို့​ကြောင့်​ဧည့်​သည်​ရဟန်း​တော်​များ
ဆွမ်းအတွက်​အခက်​​တွေ့ပင်​ပန်းကြရပါသည်​ ဤအ​ကြောင်း​ကြောင့်​​တောင်းပန်​ခြင်း
ဖြစ်​ပါသည်
       ခရီးသွားရဟန်းတော်​များသည်​ အ​ဖော်​ကုန်​သည်​တို့နှင့်​သွားကြသည်​ ဆွမ်း
အတွက်​​ကြောင့်​အ​ဖော်​ကုန်​သည်​တို့ကျန်​ရစ်​ကြသည်​ ထို့သို့ဆွမ်းအတွက်​ဖြင့်​ခရီး
ရဟန်း​တော်​များမပင်​ပန်း​စေခြင်​ငှာ​တောင်းပန်​ပါသည်​။
          မကျန်းမမာ ဖျားနာ​သောရဟန်​​တော်​များသည်​ သင်​​လျှော်ေ​သာဆွမ်း​ဘော
ဇဉ်​ကိုမရလျှင်​ အာ​ရောဂါတိုးပွာပါလမ့်​မည်​ ​သေခြင်း​သော်​လည်းဖြစ်​ပါလိမ့်​မည်​ ထိုသို့
မဖြစ်​​စေရန်​ဂိလာနရဟန်​​တော်​တို့အကျိုးကို​မျော်​ကိုး​တောင်းပန်​ပါသည်
        ထိုအပြင်​သူနာပြုရဟန်းတော်​များသည်လည်းမိမိအတွက်​ဆွမ်းရှာရ၍သူနာ
ရဟန်းအတွက်​​ဆွမ်းကို​နေမြင့်​မှ​ဆောင်​ရပလိမ့်​မည်​ တပည်​​တော်​လှူ​သောဆွမ်​ကိုရ​သော်​သူနာရဟန်းအတွက်​ဆွမ်းကိုလဲ​စော​စော​ဆောင်​ရွက်​​ပေးနိုင်​ပါမည်​ ထိုကျိုးကို​မျော်​မှန်း​တောင်းပန်​ပါသည်​။
         သူနာဖြစ်​​သောဂိလာနရဟန်းများသည်​ အချိန်​မှီ​လျှောက်​ပတ်​​သော​ဆေကိုမရ
လျှင်​​ရောဂါတိုးပွားနိုင်​၍​သေခြင်းသို့လဲ​ရောက်​နိုင်​ပါသည်​ ထိုသို့မဖြစ်​​စေခြင်​ငှာဂိလာန
ရဟန်း​တော်​အတွက်​အမြဲ​ဆေးလှူဒါန်းခွင့်​ပြု​စေချင်​ပါသည်
         မြတ်​စွာဘုရားသည်​အန္ဓကဝိန္ဒရွာ၌ ယာဂု​သောက်​ခြင်းဧ။်​အကျိုးဆယ်​မျိုးကို
ဟော​တော်​မူပါသည်​ ထိုအကျိုးတရားများမျော်​ကို၍ယာဂုလှူဒါန်းရန်​ခွင့်​ပြု​စေချင်​ပါသည်
သို့အဝတ်​ပါပဲ​ရေချိုးကြဧ။်​ ။ပြည်​တန်​ဆာမတို့သည်​ကဲ့ရဲကြကုန်​ဧ။်​ အရှင်​ဘုရားမိန်းမတို့
အားအဝတ်​မဆည်းအခြည်း​နေခြင်​သည်​ မတင့်​တယ်​မစင်​ကြယ်​ပါ ထို့​ကြောင့်​ဘိက္ခုနီမ
တို့အား ​ရေသနုပ်​သင်္ကန်း(​ရေချိုရာ၌ဝတ်​ရ​သောသင်္ကန်း)ကိုလှူဒါန်းရန်​ခွင့်​ပြု​တော်​မူ​စေ
ချင်​ပါသသည်​ ဟု​လျောက်​ထား​လေသည်​။
       ဝိသာခါ​ကျောင်းအမကြီဧ။်​​တောင်းသောဆုရှစ်​ပါးသည်​သူမဧ။်​​ကောင်းမှုအကျိုး
တခုတည်းမဟုတ်​​ပဲ ရဟန်းတော်​များ ဘိက္ခုနီရဟန်​မများဧ။်​အကျိုးကိုသာကြည့်​၍မြင့်
မြတ်​​သောပရဟိတစိတ်​ဖြင့်​သာ​တောင်​ပန်းဖြစ်​ဧ။်​ ။မြတ်​စွာဘုရားရှင်းလည်းဤဆုရှစ်
ပါးသည်​ လိုအပ်​​နေသာရဟန်း​တော်​များအတွက်​အကျိုရှိသည်​ကိုမြင်​​တော်​မူ၍ခွင့်​ပြုခဲ့
လေသည်​။ ပုဖ္ဖာရုံ​ကျောင်းအမဝိသာခါလည်းသူတစ်​ပါးဧ။်​​ကောင်​ကျိုးကိုပရဟိတစိတ်
ဖြင့်​ဖြည့်​ဆည်းရင်​ပင်​တသက်​လုံးလှူဒါန်​သွား​လေသည်
      ဝိသာခါစ​သောသူ​တော်​​ကောင်းမကြီများ ဘုရာအ​လောင်​စ​သောသူ​တော်​​ကောင်း
ကြီးများတို့ဧ။်​စိတ်​ဓာတ်​အတိုင်း ထိုင်​နိုင်​ငံ မယ်​ဆိုင်​မြို့အ​ခြေဆိုက်​ လူမှုကရုဏာလူ
မှုကူညီး​ရေအသင်းသည်​လည်းမိမိတို့ဧ။်​ ​ကောင်းကျိုးကိုအတွက်​မဟုတ်​ အခက်​ခဲများ
စွာဖြင့်​အကူအညီလိုအပ်​​နေ​သောလူများသို့လိုအပ်​​သောအကူအညီများ​ပေး​နေကြသည်
မှာ မြင်​ရကြာသူစိတ်​နှလုံးချမ်းမြေ့ဘွယ်​ရာဖြစ်​ပါ​ပေသည်
       ပရဟိတ အသင်းထူ​ထောင်းထားတိုင်းပရဟိတစိတ်​ဓာတ်​ရှိကြသည်​မဟုတ်​ကြပါ
အချိုကား   ​ပေါ်လစီပရဟိတ   အချို့ကား ​လှော်​ဘီပရဟိတ အချို့ကား ​တော်​ကီပရဟိ
တ တိုဖြစ်​ကြသည်​ ဤလူမှုကရုဏာ လူမှုကူညီ​ရေးအသင်းသားများသည်​ တဦးတယောက်​မှခိုကပ်​ခြင်းမရှိ နာမည်​ရရုံ​ပေါ်လစီမလုပ်​ ​စေတနာဖြင့်​အမှန်​တကယ်​ လူမှု​ရေး​စေတနာပရဟိသ္မားများဖြစ်​​​သော​ကြောင့်​ ဤ ဝိသာခါဧ။်​ ပရဟိတစိတ်​  ဟူ​သော​ဆောင်​ပါးဖြင့်​ဂုဏ်​ပြုလိုက်​ရ​ပေသတည်း
ဝေဠု
၃-၈ -၂၀၁၅
0 comments:
Post a Comment